Facebook သုံးသူတိုင်း Messenger App ကိုပါ သုံးကြပါတယ်။ စကားပြောတဲ့ Chatroom တစ်ခုအနေနဲ့ လူသိများပေမယ့် လူသိနည်းတဲ့ အချက်လေးတွေလည်း Messenger မှာရှိပါသေးတယ်။ ကိုယ်ကသူများထက် အရင်သိတယ်ဆိုရင် ပြန်ပြီး ဝေမျှလို့ရတာပေါ့။
Reactions on your Face
Comment တွေနဲ့ Message တွေမှာ Reaction ပေးလို့ရတယ်ဆိုတာ အားလုံးသိကြပါတယ်။ အခုက Video Call ခေါ်တဲ့အခါမှာ ကိုယ့်မျက်နှာပေါ်မှာ Reaction Emoji လေးတွေတပ်လို့ရပါပြီ။ Video Call ပြောရင်း ပိုပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးဖန်တီးနိုင်တော့မှာပါ။
Play Games
Games တွေ ဆော့လို့ရပြီဆိုတာလည်း သိပြီးသားပါ။ ပထမဆုံး Basketball ဆော့တာကစလို့ အခုဆိုရင် Pac-Man/ Words with Friends လို Game မျိုးတွေပါ ဆော့လို့ရနေပါပြီ။
Have a secret conversation
ဒီမှာ သုံးတဲ့သူနည်းနည်းရှားပါသေးတယ်။ ဘယ်သူမှမသိဘဲ နှစ်ကိုယ်ကြားပြောဖို့ဆို Secret Conversation ဖွင့်ပြီး ပြောနိုင်ပါတယ်။
Sending Money to your dearest and nearest
Messenger Account နဲ့ card လုပ်ထားဖို့ လိုပါတယ်။ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင် တစ်ဦးဦးက ငွေအရေးတကြီးလိုရင် ကဒ်လေးသုံးပြီး လှမ်းလွှဲပေးလိုက်ရုံပါပဲ။ ဒါပေမယ့် ငွေအများကြီးတော့ လှမ်းလွှဲလို့မရပါဘူးတဲ့။ Messenger ကနေ ငွေလွှဲတာဟာ US နဲ့ UK မှာပဲ လွှဲလို့ရပြီး မြန်မာနိုင်ငံမှာ တရားဝင် ငွေလွှဲခွင့်မရှိသေးပါဘူးလို့လည်း ဆိုပါတယ်။