စွန့်ဦးတီထွင်လုပ်ငန်းရှင် Gary Vaynerchuk ရဲ့ VeeFriends NFT Collection အတွက် ဖန်တီးထားတဲ့ ကာတွန်းပုံ ၅ ခုပါတဲ့ NFTs ကို Christie က ပြီးခဲ့တဲ့ သောကြာနေ့မှာ လေလံတင် ရောင်းချခဲ့ပါတယ်။ အပျော်သဘော ရေးခြစ်ထားတဲ့ ကာတွန်းပုံလေးတွေရဲ့ လေလံအောင်သွားတဲ့ ဈေးနှုန်းက အံ့အားသင့်စရာကောင်းပြီး ဒေါ်လာ ၁.၂ သန်း ဖြစ်ပါတယ်။

အဲဒီ ကာတွန်းပုံ ၅ ခုရဲ့ အမည်က Tremendous Tiger, Gratitude Gorilla, Empathetic Elephant, “Diamond Hands” Hen နဲ့ “You’re Gonna Die” Fly တို့ ဖြစ်ပါတယ်။ အဲဒီ ပုံတွေဟာ VeeFriends NFT Series ရဲ့ တစ်စိတ်တစ်ပိုင်း  ဖြစ်ပြီး အဲဒီ Series မှာ Character Nonfungible Token ပေါင်း ၁၀,၂၅၅ ခုရှိကာ Ethereum Cryptocurrency နဲ့ ဝယ်ယူနိုင်ပါတယ်။ အဲဒီ Token ဝယ်ယူသူတွေဟာ VeeCon လို့ခေါ်တဲ့ နှစ်စဉ်ကျင်းပတဲ့ စီးပွားရေး Event ကို ၃ နှစ်ကြာ တက်ရောက်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ လာမယ့် မေလမှာ ပထမဆုံး VeeCon ကို Minneapolis မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Gary Vaynerchuk Hand-Drawn Doodle NFTs Sell For $1.26M | decrypt.co

ဒီနှစ် အစောပိုင်းက အဲဒီ Series ကို စတင် လေလံတင်ကတည်းက အနိမ့်ဆုံး ဈေးနှုန်းဟာ ဒေါ်လာ ၅၀,၀၀၀ ရှိပါတယ်။ Vaynerchuk ရဲ့ “Empathetic Elephant” လို့ခေါ်တဲ့ NFT ပုံဟာ သောကြာနေ့က လေလံတင်ပွဲမှာ အမြင့်ဆုံး အနေနဲ့ ဒေါ်လာ ၄၁၂,၅၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အနိမ့်ဆုံးရသွားတာက “Diamond Hands” ဖြစ်ပြီး ဒေါ်လာ ၁၆၂,၅၀၀ ဖြစ်ပါတယ်။

NFTs ဆိုတာက Blockchain နည်းပညာကို အသုံးပြုကာ Virtual Item တွေရဲ့ ပိုင်ဆိုင်သူကို အသိအမှတ် ပြုပေးပါတယ်။ Virtual Item လို့ ဆိုရာမှာ ပုံ၊ သီချင်း၊ Sports Trading Cards တို့လို အရာတွေ ဖြစ်ပါတယ်။ အဲဒါတွေကို Digital Collectibles လို့လည်း ခေါ်ကြပြီး ဒေါ်လာ သန်းနဲ့ချီတဲ့ ဈေးကွက် ဖြစ်လာပါပြီ။ မတ်လမှာ Christie က အနုပညာရှင် Beeple ရဲ့ NFT ၁ ခုကို ဒေါ်လာ ၆၉.၃ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

Ref : cnbc