OPPO Find X2 Pro စမတ်ဖုန်းဟာ လက်ရှိ Flagship စမတ်ဖုန်းတွေထဲမှာတောင် Huawei P40 Pro ၊ Xiaomi Mi 10 Pro လိုမျိုးဖုန်းတွေနဲ့ ယှဥ်ပြီးအကောင်းဆုံးကင်မရာပါဝင်တဲ့ စမတ်ဖုန်းအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Selfie Camera ပိုင်းမှာတော့ လုံးဝပြောင်းပြန်လို့ပြောရမှာပါ။

ဘာကြောင့်လဲဆိုတော့ OPPO ကနေ Find X2 Pro ဖုန်းမှာ f2.4 32MP Sensor ကို Selife Camera အနေနဲ့ ထည့်သွင်းပေးထားပေမယ့် DxOMark ရဲ့ စမ်းသပ်ချက်မှာတော့ ၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့စမတ်ဖုန်းတွေထဲမှာ အဆိုးရွားဆုံးဆိုပြီး သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ OPPO Find X2 Pro ဟာ Selfie Camera ပိုင်းမှာ စုစုပေါင်းရမှတ်အနေနဲ့ ၇၂ မှတ်ပဲရရှိခဲ့ပါတယ်။

DxOMark ကတော့ OPPO Find X2 Pro ရဲ့ Selfie Camera က Flagship စမတ်ဖုန်းလို့တောင် မသတ်မှတ်နိုင်ဘူးလို့ ထုတ်ပြန်ခဲ့ပြီး Selfie Photo Score မှာ ရမှတ် ၆၇ မှတ်ပဲရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Video ပိုင်းမှာတော့ အဆင်ပြေတဲ့အတွက် ရမှတ် ၇၉ မှတ်အထိရရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့ပြီး Selfie Camera ပိုင်းမှာ ကောင်းမွန်တဲ့ဝေဖန်မှုတွေမရရှိခဲ့တဲ့ Apple iPhone X တောင်မှ စုစုပေါင်းရမှတ် ၇၄ မှတ်ရရှိခဲ့တဲ့အတွက် OPPO Find X2 Pro ဖုန်းဟာ ၂၀၂၀ ခုနှစ်ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ ယခင်ထွက်ရှိခဲ့ဖူးတဲ့ Flagship ဖုန်းတွေထဲမှာပါ Selfie Camera ပိုင်း အားအနည်းဆုံးလို့ ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် OPPO Find X2 Pro ကို Selfie Camera ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဝယ်ယူဖို့က ပြန်လည်စဥ်းစားသင့်နေပါပြီ။

Ref – Gizmo China