OnePlus ဖုန်းတွေဟာ ကင်မရာ စွမ်းဆောင်ရည် အပိုင်းမှာ နာမည်သိပ်မကြီးပါဘူး။ OnePlus 7 Pro ဟာ ကင်မရာ အပိုင်းကို အရမ်း အဆင့်မြှင့်ထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့် DxOMark ရဲ့ စမ်းသပ်စစ်ဆေးချက်အရ 7 Pro နဲ့ ဟာ့ဒ်ဝဲ ၊ ဆော့ဖ်ဝဲတွေတူတဲ့  7T Pro ဟာ သိပ်အားရစရာ မရှိဘဲ Galaxy S10 နဲ့ Huawei P30 Pro တို့ထက်တောင် ရမှတ် နည်းနေပါသေးတယ်။

OnePlus 7T Pro ရဲ့ စုစုပေါင်း ရမှတ်ဟာ ၁၁၄ ဖြစ်ပြီး Galaxy S10 နဲ့ Huawei P30 Pro တို့ဟာ ၁၁၆ မှတ်ရထားပါတယ်။ DxOMark က OnePlus 7T Pro ရမှတ်ဟာ Galaxy S10 နဲ့ Huawei P30 Pro တို့ထက် နည်းပေမယ့် ကင်မရာတွေက အရမ်းကောင်းပြီး Exposure တိကျတာနဲ့ Dynamic Range ကျယ်တာတွေက ရောင်းအားကောင်းမယ့် အဓိက အချက်တွေလို့ ပြောပါတယ်။  ဘယ်လိုပဲ ရိုက်ရိုက် အရောင်တွေဟာ ကြည်လင်ပြတ်သားပြီး အသေးစိတ်ကျပါတယ်။

ဒါပေမယ့် OnePlus 7T Pro ရဲ့ ကင်မရာတွေမှာ ပြဿနာ တချို့ရှိပါတယ်။ Noise နဲ့ Ghosting တွေ ပါနေတတ်ပြီး တချို့အခြေအနေတွေမှာ ရုပ်ပုံတွေဟာ အသေးစိတ် မကျပါဘူး။

Ref : gsmarena