Foldable Display ပါတဲ့ စမတ်ဖုန်းတွေတော့ များစွာထွက်ပေါ်နေပါပြီ။ Samsung , Huawei , Motorola နဲ့ Flexpai တို့က Flexible OLED Panel တွေ ပါတဲ့ Foldable Device တွေကို ထုတ်လုပ်ရောင်းချထားပါတယ်။ ဒါပေမယ့် OLED Panel တွေပဲ Foldable လုပ်လို့ရတာ မဟုတ်ပါဘူး။ Flexible E-ink Display တွေလည်း ရှိပြီး အခုတော့ E Ink က အဲဒီ ထုတ်ကုန် အသစ် ၁ ခုကို ချပြလိုက်ပါတယ်။

E Ink Display အသစ်မှာ ၁၀.၃ လက်မ Flexible ePaper Display ထည့်သွင်းထားပြီး ၂၀၁၇ ခုနှစ်ထုတ် မော်ဒယ်ထက် ၀.၁ လက်မပဲ ပိုကြီးပါတယ်။ မော်ဒယ် ၂ ခုရဲ့ အဓိက ကွာခြားချက်က မော်ဒယ်အသစ်မှာ Backlight ပါလာတာ ဖြစ်ပြီး အလင်းရောင်နည်းပါးချိန်မှာ စာဖတ်ရတာ ပိုကောင်းလာမှာပါ။

Flexible ePaper Display ကို eReaders, e-ink Notebooks, eNewspapers နဲ့ အရွယ်သေး Signage Boards တွေမှာ အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာ Flexible ePaper Display သုံးထားတဲ့ eReader တွေ မထွက်လာသေးပါဘူး။ မကြာခင်မှာ မြင်ရတော့မယ်လို့ ထင်ရပါတယ်။

Ref : gizmochina