ဩဂုတ်လ ၁၇ ရက်နဲ့ ၂၃ ရက်အတွင်း တောင်ကိုရီးယားမှာ Galaxy Z Fold3 5G နဲ့ Z Flip 3 5G ကြိုတင်မှာယူမှုပေါင်း ၉၂၀,၀၀၀ ရှိတယ်လို့ သိရပါတယ်။ ပထမအပတ်အတွင်း ကြိုတင်မှာယူမှု ပမာဏဟာ Galaxy S21 နဲ့ Galaxy Note20 ထက် ပိုများနေပါတယ်။

Samsung Galaxy Z Fold 3, Z Flip 3: Unfolding Advanced Foldable Experiences at More Affordable Price Points

ဒါဟာ Foldable ဖုန်းတွေ တစ်ခေတ်ဆန်းလာပြီဆိုတာကို ပြသတာပါ။ အရင်နှစ်ထုတ် Galaxy Z Fold2 တုန်းက တောင်ကိုရီးယားမှာ ကြိုတင်မှာယူမှု ၆၀,၀၀၀ ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

It will cost you $480 and $370 to replace the screen on the Galaxy Fold3 and Flip3 | DroidAfrica

Galaxy Z Fold3 နဲ့ Z Flip3 ကို ကြိုတင်မှာယူမှုထဲမှာ ၇၀ ရာခိုင်နှုန်းက မိတ်ကပ်ဘူးလေးလို လှပတဲ့ Z Flip3 ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းက Z Fold3 ဖြစ်တယ်လို့ Bloomberg က ပြောပါတယ်။ ဈေးနှုန်းကွာဟချက်ကြောင့်လည်း ဖြစ်နိုင်ပြီး Z Fold3 ဟာ Z Flip3 ထက် ၆၀ -၇၀ ရာခိုင်နှုန်း ပိုများပါတယ်။

ဒါဟာ တောင်ကိုရီးယား ဈေးကွက်ကိုပဲ ကြည့်ပြီး ပြောတာဖြစ်ပေမယ့် ဥရောပမှာလည်း ရောင်းအား ကောင်းနိုင်ပြီး Samsung မျှော်မှန်းထားတာထက် ရောင်းအား ပိုကြမ်းနေပါတယ်။ Samsung ဟာ ဝယ်လိုအားများနေတဲ့အတွက် ရောင်းချတဲ့ အချိန် နောက်ကျနိုင်တယ်လို့ ဂျာမနီက Customers တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက အသိပေးခဲ့ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်မှာလည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်နေပြီး Galaxy Z Flip3 ကို စက်တင်ဘာလ ၉ ရက်နေ့နဲ့ နောက်ပိုင်းကျမှပဲ ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

Ref : gsmarena