တရုတ်ပြင်ပမှာ ကိုရိုနာဗိုင်းရက်စ် ကူးစက်မှု မြင့်မားလာတဲ့အတွက် ကုန်ပစ္စည်းတွေ ဈေးတက်လာပါတယ်။ အဲဒီအတွက် eBay က အွန်လိုင်းမှာ ဈေးတက်တာကို ကာကွယ်ဖို့အတွက် Masks, Hand Sanitizers နဲ့ Disinfectant Wipes တွေ ရောင်းတာကို ပိတ်ပင်လိုက်ပါတယ်။ အဲဒီ မူဝါဒကို လက်ရှိ အမေရိကန်မှာ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

eBay က “ စတိုးမှာ ကိုရိုနာဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နေပြီး ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဈေးတက်တာဟာ အမေရိကန်နဲ့ eBay ရဲ့ မူဝါဒကိုချိုးဖောက်တာ ဖြစ်ပါတယ်။ “ လို့ ကြေညာလိုက်ပါတယ်။ Amazon နဲ့ eBay တို့မှာ ကိုရိုနာဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေဟာ ဇန်နဝါရီလနှောင်းပိုင်းထဲက ဈေးထိုးတက်သွားခဲ့ပါတယ်။ eBay က ဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းပေါင်း ၂၀,၀၀၀ ကျော်ကို ဖယ်ရှားထားပြီးပြီလို့ သိရပါတယ်။

eBay က လူသားတွေ ဘေးအန္တရာယ်ဖြစ်နေတဲ့အချိန်မှာ အမြတ်ထုတ်ပြီး ရောင်းတဲ့ ကုန်ပစ္စည်းတွေကို ပိတ်ပင်မယ်ဆိုတာ ကုမ္ပဏီရဲ့ စည်းကမ်းထဲမှာ ပါပြီးသားလို့ ပြောပါတယ်။ Amazon ကလည်း ဈေးတင်ရောင်းချနေတဲ့ Masks နဲ့ Hand Sanitizers တွေကို ဖယ်ရှားနေပါတယ်။ ဒါပေမယ့် Amazon က အဲဒီ ကုန်ပစ္စည်းတွေကို လုံးဝ ပိတ်ပင်တာတော့ မလုပ်သေးပါဘူး။

ref : gizchina