Consumer Technology Association (CES) စီစဉ်ကျင်းပသူတွေက CES 2021 Innovation Awards ရသွားတဲ့ Device တွေကို ကြေညာလိုက်ပါတယ်။ Consumer နည်းပညာ ထုတ်ကုန်တွေထဲက Categories ၂၈ ခုကနေ ဒီဇိုင်း အရမ်း ကောင်းပြီး နည်းပညာ မြင့်မားတဲ့ ထုတ်ကုန်တွေကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

Asus ROG Phone 3 Review: Gold Standard for Gaming Smartphones

Mobile Devices Category မှာ စမတ်ဖုန်း ၈ လုံး ပါလာပြီး အဲဒီထဲမှာ Gaming စမတ်ဖုန်း၊ LG ရဲ့ မျက်နှာပြင် ၂ ခု ပါတဲ့ စမတ်ဖုန်း၊ Foldable စမတ်ဖုန်း ၁ လုံး ပါဝင်ပါတယ်။ ဒါ့အပြင် တီထွင်ဆန်းသစ်မှု မြင့်မားပြီး ပေးရတဲ့ ဈေးထက် တန်တဲ့ စမတ်ဖုန်း အနည်းငယ်လည်း ထည့်သွင်းထားပါတယ်။

  • Asus ROG Phone 3 & Asus ROG Kunai 3 Gamepad
  • LG Wing
  • LG Velvet 5G
  • TCL 10 5G UW
  • Samsung Galaxy Z Flip 5G
  • Samsung Galaxy Note20 5G / Note20 Ultra 5G
  • Samsung Galaxy A51 5G
  • OnePlus 8 Pro

ပညာရှင် ၈၉ ယောက်ပါဝင်တဲ့ ဒိုင်အဖွဲ့က Galaxy A51 5G ဟာ ပေးရတဲ့ဈေးနဲ့ အတန်ဆုံးဖြစ်ပြီး OnePlus 8 Pro ဟာ ထိပ်တန်းအဆင့် စမတ်ဖုန်းလို့ သတ်မှတ်ပါတယ်။ Asus ROG Phone 3 ဟာ အပူချိန်ကို လျှော့ချပေးရာမှာ အဆင့်မြင့်ပြီး အသံအရည်အသွေးက ထိပ်တန်းအဆင့်ရှိသလို ဂိမ်းကစားဖို့ ဒီဇိုင်း အမိုက်ဆုံးလို့ သုံးသပ်ပါတယ်။ ROG 3 Kunai Gamepad တပ်လိုက်မယ်ဆိုရင် ဖုန်းလို့တောင် မထင်ရဘဲ ဂိမ်းစက် ၁ ခုလို့ ထင်ရပါတယ်။

LG WING REPRESENTS A NEW DEFINITION OF USABILITY NEVER SEEN BEFORE IN A SMARTPHONE | LG NEWSROOM

TCL 10 5G UW ကို အမေရိကန်မှာ Carrier ၁ ခုထဲကပဲ ရောင်းပေးထားပြီး ထူးဆန်းတဲ့ ကင်မရာ ဒီဇိုင်း ပိုင်ဆိုင်ထားပါတယ်။ ၆.၅၃ လက်မ Full HD+ NXTVISION မျက်နှာပြင် ပါလာပြီး Super Bluetooth Audio Sharing စွမ်းရည်နဲ့ NXTVISION 48MP အပါအဝင် AI အထူးပြု ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

Ref : gsmarena