ဘတ် ၁ သန်းနဲ့ ဝယ်ထားတာ တစ်ပတ်ပဲ ရှိသေးတဲ့ လျှပ်စစ်ကား ၁ စီးဟာ ထိုင်း အရှေ့မြောက်ပိုင်း အူဒုံသာနီက ဈေးဝယ်စင်တာ ၁ ခု အရှေ့မှာ အားသွင်းနေစဉ် မီးလောင်သွားခဲ့ပါတယ်။ ကားရဲ့ ဘက်ထရီဟာ ၅၀ ရာခိုင်နှုန်း ရောက်တဲ့အချိန်မှာ ကားအောက်ကနေ မီးခိုးတွေ ထွက်လာတာလို့ ပိုင်ရှင်ဖြစ်သူ အသက် ၄၁ နှစ် အရွယ် Vin က ပြောပါတယ်။

BYD က ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား ဖြစ်ပြီး BYD မှ တရုတ် အင်ဂျင်နီယာတွေက မီးလောင်ရတဲ့ အကြောင်းအရင်းကို စုံစမ်းနေပါတယ်။

မီးလောင်မှုကြောင့် အနီးအနားမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး အူဒုံသာနီ စည်ပင်သာယာရေးနဲ့ Udon Sawang Methatham Foundation မှ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေး သမားတွေဟာ အခင်းဖြစ်ရာကို အမြန်သွားရောက်ခဲ့ကြပါတယ်။ ကား ဘက်ထရီ အားသွင်းကြိုးကို ဖြုတ်ပြီး မီးငြိမ်းသတ်ခဲ့ရပါတယ်။

BYD Auto - Wikipedia

Vin က ကားမီးလောင်တဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။ သူဟာ မိသားစုနဲ့ ဈေးဝယ်ထွက်ဖို့ ဈေးဝယ်စင်တာကို ကားမောင်းခဲ့ပါတယ်။ သူ့ မိသားစု ဈေးဝယ်ထွက်ချိန်မှာ သူဟာ ကားထဲမှာပဲ နေရင်း ကားကို အားသွင်းခဲ့ပါတယ်။ ကားအားသွင်းတာ ၁၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ရောက်တဲ့အချိန်မှာ သူက ကားအောက်ကနေ မီးခိုးတွေ ထွက်လာတာကို သတိထားမိခဲ့ပါတယ်။

သူက ဈေးဝယ်စင်တာက လုံခြုံရေးကို အကြောင်းကြားခဲ့ပြီး မီးသတ်ဌာနကို ဖုန်း မဆက်ခင်မှာ မီးသတ်ဆေးဘူးနဲ့ လုံခြုံရေး ဝန်ထမ်းက မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့ပါတယ်။

Vin က အိမ်နဲ့ အားသွင်း စတေရှင်တွေမှာ အားသွင်းနေကျ ဖြစ်ပြီး အခုလို တစ်ခါမှ မဖြစ်ဖူးဘူးလို့ ပြောပါတယ်။

Ref : thethaiger