Tesla ရဲ့ စတော့ ဈေးနှုန်းမြင့်တက်သွားတဲ့အတွက် ပြီးခဲ့တဲ့ ကြာသာပတေးနေ့ တစ်ရက်ထဲမှာ Elon Musk ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၃၀ ဘီလီယမ် တိုးတက်သွားပါတယ်။

Tesla to add $100 billion in Mcap; stock jumps 19% after Elon Musk-led EV  giant posts 17% rise in Q3 profit | Mint

ကြာသာပတေးနေ့မှာ Tesla ရဲ့ စတော့ ရှယ်ယာ ဈေးနှုန်းဟာ ၂၂ ရာခိုင်နှုန်း မြင့်မားသွားပြီး ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁၅၀ ဘီလီယမ် ဝန်းကျင်မြင့်မားသွားပါတယ်။ Tesla မှာ ရင်းနှီးမြှပ်နှံထားသူတွေဟာလည်း ဝင်ငွေ မြင့်မားခဲ့ပြီး Elon Musk ဟာ နောက်နှစ်မှာ ကားရောင်းချမှု ၃၀ ရာခိုင်နှုန်းအထိ တိုးတက်အောင် ရည်မှန်းထားပါတယ်။

Elon Musk added over $30 billion to his net worth in a day on Tesla's post-earnings  stock surge

Tesla ရဲ့ စတော့ရှယ်ယာ ဈေးနှုန်းမြင့်တက်မှုကြောင့် Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၂၇၀ ဘီလီယမ်အထိ ရှိလာတယ်လို့ Bloomberg ရဲ့ ဒေတာတွေက ဖော်ပြထားပါတယ်။

ကြာသာပတေးနေ့မှာ Tesla စတော့ ဈေးနှုန်းမြင့်တက်မှုကြောင့် Elon Musk ဟာ ကမ္ဘာ့ အချမ်းသာဆုံး နေရာကို ဆက်လက်သိမ်းပိုက်ထားပြီး Jeff Bezos နဲ့ Larry Ellison တို့ကို အသာစီးရနေပါတယ်။

Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ Tesla စတော့ရှယ်ယာ ၁၃ ရာခိုင်နှုန်းနဲ့ သက်ဆိုင်နေပါတယ်။ Musk ဟာ Tesla စတော့ရှယ်ယာ ဒေါ်လာ ၁၂၃ ဘီလီယမ်ဝန်းကျင် ပိုင်ဆိုင်ထားတယ်လို့ Bloomberg က ပြောပါတယ်။

Musk ရဲ့ ဒုတိယ ဝင်ငွေ အရင်းအမြစ်က SpaceX ဖြစ်ပြီး သူဟာ ဒေါ်လာ ၈၀ ဘီလီယမ် တန်ကြေးရှိ စတော့ရှယ်ယာ ၄၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

Musk ဟာ X, The Boring Company , Neuralink နဲ့ xAI မှာ စတော့ရှယ်ယာတွေ ပိုင်ဆိုင်ထားပြီး စုစုပေါင်း ဒေါ်လာ ၂၄ ဘီလီယမ် တန်ကြေး ရှိပါတယ်။

Ref : businessinsider