Elon Musk ရဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီဟာ Optimus လူတူစက်ရုပ်တွေကိုလည်း ဖန်တီးနေပါတယ်။ သူက လူတူစက်ရုပ် ရောင်းချတဲ့ လုပ်ငန်းကနေ ဝင်ငွေ ဒေါ်လာ ထရီလီယမ်နဲ့ချီကာ ရနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

သူက ၂၀၂၅ ခုနှစ်မှာ လူတူစက်ရုပ် ၁,၀၀၀ ကျော်ကို ကားထုတ်လုပ်တဲ့ စက်ရုံတွေမှာ အသုံးပြုမယ်လို့ ပြောပါတယ်။ ကားထုတ်လုပ်တဲ့ လုပ်ငန်းမှာ စက်ရုပ်တွေက အလုပ်တွေ လုပ်ပေးနိုင်အောင် စွမ်းရည်မြင့်မားကြပါတယ်။

Elon Musk unveils Tesla's Optimus Gen 2 Robot, it can boil eggs, dance, and  more - India Today

Musk က Tesla ရှယ်ယာရှင်တွေနဲ့ အစည်းအဝေးမှာ ဒေါ်လာ ၃ ထရီလီယမ် တန်ကြေးရှိ လက်ရှိ တန်ဖိုးအကြီးဆုံး ကုမ္ပဏီထက် Tesla ဟာ ၁၀ ပိုမို တန်ဖိုးရှိလာမယ်လို့ ပြောပါတယ်။ သူက Optimus ဟာ Tesla ရဲ့ အရေးအကြီးဆုံး ထုတ်ကုန် ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။

သူက လူတူစက်ရုပ် ဈေးကွက်ဟာ ၁ နှစ်မှာ စက်ရုပ် ၁ ဘီလီယမ် ရောင်းချနိုင်မှာ ဖြစ်ပြီး Tesla ဟာ အနည်းဆုံး ဈေးကွက်ဝေစု ၁၀ ရာခိုင်နှုန်းရမယ်လို့ ယုံကြည်ထားပါတယ်။ သူက Tesla ဟာ ဒေါ်လာ ၁၀,၀၀၀ ဝန်းကျင်နဲ့ စက်ရုပ် ထုတ်လုပ်ပြီး ဒေါ်လာ ၂၀,၀၀၀ နဲ့ ရောင်းချနိုင်မှာ ဖြစ်ကာ အမြတ်ငွေ ဒေါ်လာ ၁ ထရီလီယမ် ရမယ်လို့ တွက်ချက်ထားပါတယ်။ သူက နောက်နှစ်မှာ စက်ရုပ်တွေကို စတင် ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Ref : electrek