Elon Musk ရဲ့ ဘဝဇာတ်ကြောင်းကို အော်စကာ ဆန်ကာတင်မှာ ပါခဲ့တဲ့ ဒါရိုက်တာ Darren Aronofsky က ရုပ်ရှင်ရိုက်ကူးမယ်လို့ သိရပါတယ်။ ဘီလီယမ်နာ သူဌေးကြီးနဲ့ နည်းပညာ ဂုရုကြီး Elon Musk ရဲ့ နေရာမှာ ဘယ်သူ သရုပ်ဆောင်မလဲ ဆိုတာ မသိရသေးပါဘူး။

A timeline of Elon Musk's tumultuous Twitter acquisition - ABC News

အဲဒီ ရုပ်ရှင်ဟာ Walter Isaacson ရေးသားထားတဲ့ Musk ရဲ့ အတ္ထုပ္ပတ္တိကို အခြေခံထားတာ ဖြစ်ပြီး Apple တည်ထောင်သူ Steve Jobs အကြောင်း ရိုက်ကူးထားတဲ့ ၂၀၁၅ ခုနှစ်ထုတ် ရုပ်ရှင်အတွက်လည်း အဲဒီ စာရေးဆရာရဲ့ စာအုပ်ကို အသုံးပြုခဲ့တာပါ။

အရင်ကလည်း Steve Jobs (Apple) , Mark Zuckerberg (Facebook) , Jeff Bezos(Amazon) , Ray Kroc (McDonalds ), Joy Mangano (Miracle Mop) , Douglas Fregin နဲ့ Mike Lazaridis (BlackBerry) တို့လို ကုမ္ပဏီ တည်ထောင်သူတွေရဲ့ အကြောင်း ရုပ်ရှင်တွေ ရိုက်ကူးခဲ့ကြပါတယ်။

Elon Musk: Revolutionary private space entrepreneur | Space

Facebook တည်ထောင်သူ Mark Zuckerberg အကြောင်း ရိုက်ကူးထားတဲ့ Aaron Sorkin ရဲ့ The Social Network ရုပ်ရှင်ဟာ Box Office မှာ ဒေါ်လာ ၉၆.၉ သန်း ရခဲ့ပါတယ်။ Jennifer Lawrence သရုပ်ဆောင်ထားပြီး Mangano အကြောင်း ရိုက်ကူးထားတဲ့ Joy ရုပ်ရှင်ဟာ ဒေါ်လာ ၅၆.၄ သန်းနဲ့ Kroc အကြောင်း ရိုက်ကူးထားတဲ့ The Founder ဟာ ဒေါ်လာ ၁၂.၈ သန်း ရခဲ့ပါတယ်။

Apple တည်ထောင်သူ Steve Jobs အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်များစွာ ရှိပါတယ်။ Ashton Kutcher သရုပ်ဆောင်ထားတဲ့ ၂၀၁၃ ခုနှစ်ထွက် Jobs ဟာ ဒေါ်လာ ၁၆.၁ သန်းနဲ့ Isaacson ရဲ့ စာအုပ်ကို အခြေခံကာ ရိုက်ကူးထားတဲ့ Steve Jobs ဟာ ဒေါ်လာ ၁၇.၇ သန်းရခဲ့ပါတယ်။

Ref : forbes