Tesla CEO Elon Musk က Tesla Roadster ဟာ ပျံသန်းနိုင်တဲ့ စွမ်းရည် ပါလာမယ်လို့ X (Twitter) မှာ ရေးသားထားပါတယ်။ သူပြောတဲ့ အတိုင်းသာ မှန်မယ်ဆိုရင် Tesla Roadster ဟာ ကားပျံ ဖြစ်လာမှာပါ။ သူက အဲဒီကားနဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်တွေကိုတော့ မပြောသွားပါဘူး။ ဒါပေမယ့် လျှပ်စစ်ကား နယ်ပယ်မှာတော့ စိတ်ဝင်စားနေကြပါတယ်။

Musk Claims Delayed Tesla Roadster Will Now Be Able to Fly, if It Ever  Launches

Elon Musk ဟာ ပြောထားတဲ့ စကားအတိုင်း နောက်ပိုင်းမှာ မတည်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဖြစ်နိုင်တာက နောက်ထွက်မယ့် Tesla Roadster ဟာ အလွန်လျှင်မြန်မှာ ဖြစ်ပါတယ်။ အဲဒီကားကို လွန်ခဲ့တဲ့ ၇ နှစ်အကြာက မိတ်ဆက်ခဲ့ပေမယ့် အခုထက်ထိ မရောင်းချနိုင်သေးပါဘူး။ အဲဒီကားဟာ Tesla ရဲ့ စွမ်းရည်အမြင့်ဆုံး ကား ဖြစ်လာနိုင်ပါတယ်။

Elon Musk Hypes Up Tesla Roadster Launch In 2024 , Says It's " Not Even  Really Car." -

၂၀၂၁ ခုနှစ်မှာ Elon Musk က Tesla Roadster ဟာ ၁.၁ စက္ကန့်အတွင်း တစ်နာရီကို ၀ ကနေ ၆၂ မိုင် အမြန်နှုန်း ရရှိမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီကားမှာ အရွယ်သေး Rocket Thrusters ၁၀ လုံးအထိ ပါတဲ့ SpaceX Option Package ထည့်သွင်းထားမှာပါ။

Tesla Roadster ကို ဒီနှစ်ထဲမှာ ရောင်းချနိုင်ပြီး ၂၀၂၅ ခုနှစ်မှာ အမြောက်အများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီကားရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ဒေါ်လာ ၂၀၀,၀၀၀ နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina