Elon Musk နဲ့ အီတလီဝန်ကြီးချုပ် Giorgia Meloni တို့ အကြည်ဆိုက်နေတဲ့ ဓါတ်ပုံ ထွက်ပေါ်လာပြီး သူတို့ နှစ်ယောက် တွဲနေတယ်လို့ သတင်းထွက်လာပါတယ်။

Italian Premier Giorgia Meloni received the prestigious Global Citizens Award from Elon Musk.

Giorgia Meloni ဟာ အီတလီရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပြီး Musk နဲ့ သူမတို့ ဒီတစ်ပတ်ထဲမှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ တွေ့ဆုံခဲ့ကြပါတယ်။ Musk က Atlantic Council Thinktank မှ ချီးမြှင့်တဲ့ Global Citizen Award ကို သူမအားပေးအပ်ခဲ့ပါတယ်။

Terror Alarm on X: "🚨🍕🇮🇹 Elon Musk meets Italian Prime Minister Meloni  to discuss Ai. https://t.co/QzFf5htQOz" / X

အဲဒီ ဓါတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံ့သွားခဲ့ပြီး လူတစ်ယောက်က ဘာဆက်ဖြစ်မလဲ ဆိုတာ သိနေတယ်လို့ မှတ်ချက်ပြုထားပါတယ်။ ဒါဟာ အချစ်ရေးမှာ စွံတဲ့ Musk ကို လှောင်ပြောင်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် Musk က “ အဲဒီမှာ ကျွန်တော့် အမေလည်း ပါပါတယ်။ အီတလီဝန်ကြီးချုပ် Meloni နဲ့ ချစ်ကြိုက်မှု မရှိပါဘူး။” လို့ X လူမှုကွန်ရက်မှာ ဖြေရှင်းထားပါတယ်။

Meloni ဟာ အဲဒီပွဲမှာ သူမကို ဆုပေးအပ်ဖို့ Musk ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ Musk ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ ဒီဇင်ဘာလမှာ Meloni နဲ့ တွေ့ဆုံဖို့ အီတလီကို ၂ ကြိမ် လာရောက်ခဲ့ပါတယ်။

Ref : sky news