Elon Musk ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့က ဒေါ်လာ သန်း ၁၀၀ နီးပါး တန်ကြေးရှိတဲ့ Tesla ရှယ်ယာတွေကို ပရဟိတအဖွဲ့အစည်းတွေဆီ လှူဒါန်းခဲ့တယ်လို့ U.S. Securities and Exchange Commission (SEC) ရဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

ဒီလှူဒါန်းမှုဟာ Musk ရဲ့ နှစ်ကုန်ပိုင်း အခွန်ဆိုင်ရာ စီမံခန့်ခွဲမှု (Tax planning) တစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းတွေကို လှူဒါန်းခဲ့တယ်ဆိုတာကိုတော့ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။ လှူဒါန်းမှု လက်ခံရရှိထားတဲ့ အဖွဲ့အစည်းတွေကလည်း လောလောဆယ်မှာ ဒီ Tesla ရှယ်ယာတွေကို ပြန်လည်ရောင်းချဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။

Elon Musk Donated $100 Million in Tesla Shares for 'Tax Planning' -  Business Insider

Bloomberg’s Billionaires Index ရဲ့ ခန့်မှန်းချက်အရ Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၆၁၉ ဘီလီယံဝန်းကျင် ရှိတာကြောင့် အခုလှူဒါန်းမှုဟာ သူ့ပိုင်ဆိုင်မှုရဲ့ အစိတ်အပိုင်း အနည်းငယ်သာ ရှိပါသေးတယ်။ ဒီသတင်းဟာ Tesla ကုမ္ပဏီကနေ နှစ်ပတ်လည် ကားအရောင်းစာရင်းတွေ ထုတ်ပြန်ဖို့ ရက်ပိုင်းအလိုမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

Ref : Fossbytes