Elon Musk ဟာ Tesla ရဲ့  Optimus လူတူ စက်ရုပ် ကွန်ဖူး သင်ယူနေတဲ့ ဗီဒီယိုအသစ်တစ်ခုကို မျှဝေလိုက်ပါတယ်။

အဲဒီဗီဒီယိုဖိုင်ထဲမှာ စက်ရုပ်က နည်းပြတစ်ယောက်နဲ့အတူ လေ့ကျင့်နေပြီး ဟန်ချက်ညီညီနေနိုင်မှု၊ ပျော့ပြောင်းမှုနဲ့ ကိုယ်ခံပညာကွက်တွေကို သရုပ်ပြနေတာကို တွေ့ရပါတယ်။ အဲဒီလှုပ်ရှားမှုတွေအားလုံးကို လူရဲ့ထိန်းချုပ်မှုမပါဘဲ AI ကနေတစ်ဆင့် သင်ယူထားတာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ Optimus ဟာ သူ့ရဲ့နည်းပြကို အလေးပြုပြီးနောက် ကွန်ဖူး နည်းစနစ်တွေကို ချောမွေ့စွာ လိုက်လုပ်ပြကာ တိုက်ခိုက်မှုတွေကို တိကျစွာ ပိတ်ဆို့ခုခံတာနဲ့ တန်ပြန်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

Video: Tesla’s Optimus humanoid robot performs Kung Fu moves to showcase speed, balance

Musk က X (အရင် Twitter) မှာ စက်ရုပ်ရဲ့ လှုပ်ရှားမှုတွေဟာ လူကနေ တိုက်ရိုက်ဖြစ်စေ၊ အဝေးကနေဖြစ်စေ ထိန်းချုပ်မှု လုံးဝမပါဝင်ဘဲ artificial intelligence (AI) ကနေ အပြည့်အဝ စွမ်းဆောင်ထားတာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

Optimus ဟာ အရင်ကလည်း လူတွေလုပ်တာကို ကြည့်ရှုလေ့လာတာနဲ့ အွန်လိုင်းဗီဒီယိုတွေကြည့်ရှုတာကနေတစ်ဆင့် ကြမ်းပြင်ကို ဖုန်စုပ်စက်နဲ့ရှင်းလင်းတာနဲ့ ပစ္စည်းတွေကို အမျိုးအစားခွဲတာတွေ ပြုလုပ်တတ်အောင် သင်ယူခဲ့ပြီးဖြစ်ပါတယ်။

အခုလို ကွန်ဖူး သင်ကြားနိုင်တာဟာ ရှုပ်ထွေးတဲ့ အလုပ်တွေကို သူ့ဘာသာသူ သင်ယူနိုင်တဲ့ Optimus ရဲ့ တိုးတက်လာတဲ့စွမ်းရည်ကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

Ref : Technology Innovation