Elon Musk အတွက် တွစ်တာဟာ အဆိပ်သီး ၁ ခုလိုပါပဲ။ Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၃၃၈ ဘီလီယမ်ရှိရာကနေ ဒီနှစ် ဇန်နဝါရီလမှာ တွစ်တာ ရှယ်ယာတွေကို စတင်ဝယ်ခဲ့ပြီး ဧပြီလမှာ တွစ်တာကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ကာ အောက်တိုဘာလမှာ အပြီးသတ် ဝယ်ယူခဲ့ပြီးနောက် ဒီနေ့မှာတော့ ဒေါ်လာ ၁၃၉ ဘီလီယမ်ပဲ ရှိပါတော့တယ်။ ဒါဟာ ဒေါ်လာ ၂၀၀ ဘီလီယမ်လောက် ကျဆင်းသွားတာပါ။

Elon Musk

ဒါဟာ နည်းနည်းနောနော ငွေပမာဏ မဟုတ်ပါဘူး။ Elon Musk ဟာ လက်ထဲမှာ ငွေ မရှိတော့ပါဘူး။ Musk ရဲ့ ကိုယ်ရေးကိုယ်တာ အသုံးစားရိတ်နဲ့ စီးပွားရေး ရင်းနှီးမြှပ်နှံမှုဟာ Tesla ရှယ်ယာတွေကို ပေါင်နှံတာကို မှီခိုနေရပါတယ်။ အခုတော့ Tesla ရှယ်ယာတွေ ကျဆင်းသွားတဲ့အတွက် သူ့ အခြေအနေဟာ ပိုဆိုးလာပါတယ်။

Elon Musk

သူ့ရဲ့ Tesla ရှယ်ယာတွေကို အပေါင်ထားတဲ့ နည်းလမ်းဟာ ယုံကြည်စိတ်ချရမှု မရှိတော့ပါဘူး။ ဧပြီလမှာ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ပေါင်လိုက်ရင် ဒေါ်လာ ၁၃ ဘီလီယမ် ရနိုင်ပါတယ်။ အခုတော့ သူ့ရဲ့ Tesla ရှယ်ယာ အားလုံးကို ပေါင်မှပဲ အဲဒီ ငွေပမာဏကို ရတော့မှာဖြစ်ပါတယ်။

Musk ရဲ့ ငွေကြေးပြဿနာတွေကြောင့် Tesla နဲ့ တွစ်တာ ကုမ္ပဏီဟာ သူ့အပေါ် ယုံကြည်မှု ကျဆင်းနေပါတယ်။ သူဟာ လက်ရှိမှာ ကုမ္ပဏီ ၂ ခုစလုံးရဲ့ CEO ဖြစ်ပြီး Tesla ရင်းနှီးမြှပ်နှံသူတွေနဲ့ တွစ်တာ User တွေက သူ့ကို CEO ရာထူးက ဆင်းပေးဖို့ အလိုရှိနေကြပါတယ်။

တွစ်တာဟာ SpaceX နဲ့ Tesla တို့လို နည်းပညာ Brand မဟုတ်ဘဲ လူမှုကွန်ရက် ပလက်ဖောင်း ဖြစ်ပါတယ်။ ရင်းနှီးမြှပ်နှံသူများစွာက Musk ဟာ တွစ်တာကို ကောင်းစွာ ကိုင်တွယ်နိုင်မလားဆိုတာ စိတ်ပူနေကြပြီး တွစ်တာကို ဝယ်လိုက်တဲ့အတွက် သူ့ရဲ့ အောင်မြင်မှုဟာ ကျဆင်းသွားနိုင်တယ်လို့တောင် စဉ်းစားနေကြပါတယ်။

Ref : gizchina