SpaceX နဲ့ Tesla ရဲ့ သူဌေး Elon Musk ဟာ သူ ပါဝင် တည်ထောင်ခဲ့တဲ့ AI ကုမ္ပဏီ OpenAI ကို တရားစွဲလိုက်ပါတယ်။ သူက ကုမ္ပဏီဟာ မူလ ရည်မှန်းချက်ဖြစ်တဲ့ လူတိုင်းအတွက် အကျိုးရှိပြီး အကျိုးအမြတ် မယူတဲ့ AI ကို တီထွင်မယ်ဆိုတာကို စွန့်လွှတ်လိုက်ပြီလို့ စွပ်စွဲထားပါတယ်။

Elon Musk Sues OpenAI for Not Being Open, Says He Wants His $44 Million Back

ChatGPT Language Model ကြောင့် နာမည်ကြီးလာတဲ့ OpenAI ကို လက်ရှိမှာ Microsoft က ငွေကြေးထောက်ပံ့ပေးနေပြီး Musk ကတော့ စိုးရိမ်မကင်း ဖြစ်နေပါတယ်။ သူက OpenAI ဟာ အစကတော့ ပွင့်လင်းမြင်သာပြီး အကျိုးအမြတ် မယူဘူးလို့ ပြောခဲ့ပေမယ့် အခုတော့ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ငွေရှာဖို့ အာရုံစိုက်နေတယ်လို့ ပြောပါတယ်။

Musk က ဆန်ဖရန်စစ္စကိုမှာ တရားစွဲထားတာ ဖြစ်ပြီး OpenAI ရဲ့ သုတေသနနဲ့ နည်းပညာတွေကို အများပြည်သူ အသုံးပြုနိုင်အောင် ပြုလုပ်ပေးဖို့ တရားရုံးကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် အဆင့်မြင့် AI Model ဖြစ်တဲ့ GPT-4 ကို ငွေရှာဖို့အတွက် အသုံးပြုနေတာကို ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။

Elon Musk Sues OpenAI, Sam Altman Over Abandoned Non-Profit Promise

OpenAI နဲ့ Microsoft တို့ကတော့ တရားစွဲတဲ့ အပေါ် ဘာမှ မတုန့်ပြန်သေးပါဘူး။

Musk ဟာ AI ရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ဟိုးအရင်ကတည်းက စိုးရိမ်နေတာ ဖြစ်ပြီး ဥပဒေ သတ်မှတ်ပေးဖို့ ပြောနေခဲ့တာပါ။ သူဟာ ၂၀၁၈ ခုနှစ်မှာ OpenAI ဘုတ်အဖွဲ့ကနေ ထွက်ခွာလာပြီးနောက် Microsoft က OpenAI မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ခဲ့တာပါ။

Ref : gizmochina