Tesla Cybertruck တွေရဲ့ ရောင်းအားတွေ ထိုးကျလာတာကြောင့် Elon Musk ဟာ ရောင်းမကုန်တဲ့ Cybertruck တွေကို သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီတွေဖြစ်တဲ့ SpaceX နဲ့ xAI ကို ရောင်းချနေပါတယ်။

Elon Musk Made the Cybertruck 'Ugly' on Purpose--and It May Be the Smartest  Thing He's Ever Done

ဒီသီတင်းပတ်ကုန်မှာ xAI ရုံးတွေကို ကားအပြည့်တင်ထားတဲ့ ကုန်တင်ကားအများအပြား ပို့ဆောင်ခဲ့ပြီး နောက်ထပ် ရာနဲ့ချီတဲ့ Cybertruck တွေက SpaceX ကို သွားမှာဖြစ်ကာ စုစုပေါင်း အစီးရေ ထောင်နဲ့ချီအထိ ဖြစ်နိုင်ပါတယ်။

Tesla CEO Elon Musk says 146,000 orders so far for Cybertruck despite  launch event embarrassment | South China Morning Post

Tesla ဟာ ၂၀၂၅ ခုနှစ်ရဲ့ တတိယသုံးလပတ်မှာ Cybertruck အစီးရေ ၅,၃၈၅ စီးသာ ရောင်းချနိုင်ခဲ့ပြီး ဒါဟာ ၂၀၂၄ ခုနှစ်ကထက် ၆၃% ကျဆင်းသွားတာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် စုစုပေါင်းရောင်းအားက အစီးရေ ၁၆,၀၀၀ သာရှိပြီး Musk ရဲ့ တစ်နှစ်ကို အစီးရေ ၂၅၀,၀၀၀ ရောင်းချမယ့် ခန့်မှန်းချက်ထက် အများကြီး နည်းပါးနေပါတယ်။

Electrek သတင်းဌာနရဲ့ သတင်းရေးသူ Fred Lambert ကတော့ Musk ဟာ ဒေါ်လာ ၇,၅၀၀ တန် EV ကားအခွန်ခရက်ဒစ် သက်တမ်းမကုန်ဆုံးခင် စက်တင်ဘာ ၃၀ ရက်နေ့မတိုင်မီမှာ အစီးရေထောင်နဲ့ချီ မှာယူခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒီလိုလုပ်တာက စတုတ္ထသုံးလပတ်မှာ ပို့ဆောင်မယ့်ကားတွေ အခွန်ခရက်ဒစ်ရရှိနိုင်အောင် လုပ်ဆောင်ရင်း Tesla ရဲ့ ရောင်းအားကိန်းဂဏန်းတွေကိုလည်း မြှင့်တင်ရာရောက်စေတယ်လို့ ဆိုပါတယ်။

Ref : Fossbytes