အီလွန်မက်စ်က တစ်ချိန်က ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားခဲ့တဲ့ ဗီဒီယိုအတို ပလက်ဖောင်း Vine ကို ပြန်လည်အသက်သွင်းတော့မယ်လို့ ရုတ်တရက် ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ Vine အသစ်ဟာ ပရိသတ်တွေ အမှတ်ရနေကြတဲ့ ပုံစံမျိုးနဲ့တော့ ပြန်လာမှာ မဟုတ်ပါဘူး။

Elon Musk teases AI-powered Vine reviving buzz about defunct short-form  video platform

Shawn Mendes နဲ့ Jake Paul တို့လို နာမည်ကျော်တွေကို မွေးထုတ်ပေးခဲ့တဲ့ Vine ဟာ လူသားတွေရဲ့ တီထွင်ဖန်တီးမှုကို အခြေခံခဲ့ပေမယ့်၊ အခုအခါမှာတော့ ဉာဏ်ရည်တု (AI) က အကြောင်းအရာတွေကို အလိုအလျောက် ဖန်တီးထုတ်လုပ်ပေးတဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ပြန်လည်မွေးဖွားလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Elon Musk: "We're Bringing Back Vine, But in AI Form", Whatever The Hell  That Means | Barstool Sports

ဒီသတင်းထွက်ပေါ်လာပြီးနောက် အင်တာနက်သုံးစွဲသူတွေကြားမှာ သဘောထားတွေ ချက်ချင်းနှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ တချို့က AI ရဲ့ ဖန်တီးနိုင်စွမ်းက ဘယ်အထိ လုပ်ဆောင်နိုင်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ချင်ကြပါတယ်။ ဒါပေမဲ့ အများစုကတော့ Vine ရဲ့ အသက်ဟာ လူတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းဖြစ်တာကြောင့် AI နဲ့ဆိုရင် အနှစ်သာရ ပျောက်ဆုံးသွားလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

အခုလို သံသယတွေ မြင့်တက်နေရတဲ့ အကြောင်းရင်းကတော့ အီလွန်မက်စ်ရဲ့ အရင် AI စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာတွေကြောင့်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ AI chatbot တစ်ခုဖြစ်တဲ့ Grok က အရင်က မသင့်လျော်တဲ့ အကြောင်းအရာတွေ ရေးသားခဲ့တာမျိုးတွေ ရှိခဲ့တာကြောင့် အခု Vine အသစ်အပေါ်မှာလည်း ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

အဓိကမေးခွန်းကတော့ AI က ဖန်တီးမယ့် Vine အသစ်ဟာ တစ်ချိန်က လူသားတွေ ဖန်တီးခဲ့တဲ့ Vine လိုမျိုး အောင်မြင်မှုနဲ့ ရေပန်းစားမှုကို ပြန်လည်ရရှိနိုင်ပါ့မလား ဆိုတာပါပဲ။

Ref : Fossbytes