လူ့ ဦးနှောက်ထဲမှာ Chip ထည့်သွင်းပြီး ကွန်ပြူတာတွေကို ထိန်းချုပ်တဲ့ နည်းပညာကို တီထွင်နေတဲ့ Elon Musk ရဲ့ Neuralink ကုမ္ပဏီဟာ ၂၀၂၆ ခုနှစ်အရောက်မှာ လူနာ ၁,၀၀၀ ကျော်ရဲ့ ဦးနှောက်ထဲမှာ Chip ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒီသတင်းကို Musk က X လူမှုကွန်ရက်မှာ ဇူလိုင်လ ၁၁ ရက်နေ့က ကြေညာခဲ့တာပါ။

Neuralink

ဒီနည်းပညာဟာ လူနာတွေအတွက် ဘဝကို ပြောင်းလဲသွားစေပါတယ်။ Neuralink Chip ကို ပထမဆုံး ထည့်သွင်းထားတဲ့ Noland Arbaugh ဟာ ဒီနည်းပညာကြောင့် သူ့ဘဝ တိုးတက်သွားတဲ့ အကြောင်းကို မျှဝေထားပါတယ်။ သူဟာ အကြောသေရောဂါကို ခံစားနေရသူ ဖြစ်ပြီး Chip ထည့်သွင်းပြီးနောက် သူဟာ စိတ်ကနေ ခိုင်းစေခြင်းဖြင့် Device တွေကို အသုံးပြုနိုင်လာသလို Video Game တောင် ကစားလာနိုင်ပါတယ်။

Elon Musk's Neuralink to implant BCI in 2nd patient in about a week, looks  to solve hardware issues – Firstpost

Musk ဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ Live Stream ကနေ Neuralink ရဲ့ အနာဂတ် ရည်မှန်းချက်ကို ပြောကြားခဲ့ပါတယ်။ သူက လာမယ့်နှစ်အနည်းငယ်အတွင်းမှာ လူနာ ထောင်ဂဏန်းမှာ Chip ထည့်သွင်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

Neuralink နည်းပညာဟာ လက်ပြတ်ထားပြီး စက်ရုပ် လက်တံအတု တပ်ဆင်ထားသူတွေဟာ စိတ်နဲ့ လက်ကို ထိန်းချုပ်နိုင်စေပါတယ်။ အလားတူပဲ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေနဲ့ အကြောသေနေသူတွေအတွက်လည်း ဒီနည်းပညာက အလွန် အသုံးဝင်ပါတယ်။

Ref : gizmochina