ပြီးခဲ့တဲ့ ၁ ပတ်လောက်က Elon Musk ဟာ Twitter ရှယ်ယာ ၇၃,၄၈၆,၉၃၈ ကို ဝယ်ယူခဲ့ပြီး Twitter ရှယ်ယာ ၉.၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်လာခဲ့ပါတယ်။ အဲဒီ ပမာဏဟာ Twitter တည်ထောင်သူ Jack Dorsey ရဲ့ ၂.၂၅ ရာခိုင်နှုန်းထက် ၄ ဆကျော် မြင့်မားပြီး Musk ဟာ  ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူတွေထဲက ၁ ယောက် ဖြစ်လာပါတယ်။

Elon Musk offers suggestions for Twitter Blue including the option to pay in dogecoin

မကြာခင်သေးခင်ကပဲ Musk ဟာ Twitter ရဲ့ ဒါရိုက်တာ ဘုတ် အဖွဲ့ဝင် ဖြစ်လာပြီလို့ သတင်းထွက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ Twitter မှာ ပြောင်းလဲမှုတချို့ ပြုလုပ်သင့်တဲ့ အကြောင်း Tweet တွေနဲ့ အကြံပေးလာပါတယ်။

Will Elon Musk buy Dogecoin? – Gaming Section : Magazine Gaming, E-sport,  jeux vidéo, Reviews, Trucs & Astuces

သူက “ (တစ်လကို ၃ ဒေါ်လာ ပေးရတဲ့) Twitter Blue ကို အသုံးပြုသူတွေဟာ Authentication Checkmark ရသင့်ပါတယ်။ ဒါ့အပြင် ဈေးနှုန်းက တစ်လကို ၂ ဒေါ်လာ ဖြစ်သင့်ပါတယ်။ Twitter Blue အတွက် Dogecoin နဲ့ ငွေပေးချေနိုင်တဲ့ ရွေးချယ်ခွင့်လည်း ရှိသင့်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Twitter Blue ကို လက်ရှိမှာ အမေရိကန် ၊ ကနေဒါ၊ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေမှာပဲ အသုံးပြုလို့ရနေသေးပြီး Musk က သုံးလို့ရတဲ့ နိုင်ငံတွေ ပိုတိုးချဲ့ပေးသင့်တယ်လို့ အကြံပြုထားပါတယ်။ အဲဒီ ဝန်ဆောင်မှုမှာ Tweet တွေကို ပြန်လည်ပြင်ဆင်နိုင်တဲ့ Undo လုပ်ဆောင်ချက် ပါပါတယ်။

Ref : interestingenginnering