Financial Times က Elon Musk ဟာ ChatGPT ကို ဖန်တီးထားတဲ့ OpenAI ကို ယှဉ်ပြိုင်မယ့် AI ကုမ္ပဏီ ၁ ခုကို တည်ထောင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ Musk ဟာ AI သုတေသနပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို စုစည်းနေပြီး AI ကုမ္ပဏီအသစ်မှာ ငွေကြေးရင်းနှီးမြှုပ်နှံဖို့ SpaceX နဲ့ Tesla က ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Elon Musk AI warns of the risks posed by advanced AI technology

လူသားတွေအတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့အတွက် OpenAI ရဲ့ GPT-4 ထက် စွမ်းရည်မြင့်တဲ့ AI တွေ ဖန်တီးတာကို ၆ လ ရပ်နားဖို့ Musk အပါအဝင် AI သုတေသနပညာရှင် အဖွဲ့ ၁ ခုက တောင်းဆိုပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာမှာ အခု သတင်းထွက်လာတာပါ။

Tesla Inc CEO Elon Musk attends the World Artificial Intelligence Conference (WAIC) in Shanghai

Microsoft ကနေ Alphabet အထိ ကုမ္ပဏီများစွာဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေမှာ ChatGPT ကို ထည့်သွင်းနိုင်တဲ့ နည်းပညာ ဖြစ်တဲ့ Generative AI ကို ဖန်တီးဖို့ကြိုးစားနေကြပါတယ်။

ဒါပေမယ့်လည်း ChatGPT ကို အာဏာပိုင်တွေက ပိတ်ပင်မှုတွေလည်း ရှိနေပါတယ်။ အီတလီက ChatGPT ကို Privacy ပြဿနာတွေကြောင့် ပိတ်ပင်ထားပြီး ဥရောပသမဂ္ဂ Privacy Watchdog ၁ ခုက AI အတွက် မူဝါဒတွေ ချမှတ်ဖို့ အဖွဲ့ ၁ ခု တည်ထောင်ထားပါတယ်။

Musk ဟာ ပြီးခဲ့တဲ့ လက X.AI Corp အမည်ရ ကုမ္ပဏီ ၁ ခုကို မှတ်ပုံတင်ထားပြီး အဲဒါဟာ Musk ရဲ့ AI ကုမ္ပဏီ အသစ်လားဆိုတာ မသိရသေးပါဘူး။

Musk ဟာ ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တဲ့ OpenAI ရဲ့ ပူးတွဲတည်ထောင်ခဲ့သူတွေထဲက ၁ ယောက် ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ကုမ္ပဏီ ဘုတ်အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။

Ref : reuters