Tesla နဲ့ SpaceX ရဲ့ CEO Elon Musk ဟာ ငွေကြေး ကြွယ်ဝချမ်းသာမှုမှာ စံချိန် အသစ် တင်နိုင်ခဲ့ပါတယ်။ သူဟာ တစ်ခါမှ မပိုင်ဆိုင်ဖူးတဲ့ ဒေါ်လာ ၃၃၄.၃ ဘီလီယမ် အထိ ကြွယ်ဝချမ်းသာလာပါတယ်။

Elon Musk wants X users to pay $1 to post. It's really about something more  valuable.

Tesla ရဲ့ စတော့ရှယ်ယာ ဈေးနှုန်း ၃.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးနောက်မှာ သူဟာ အခု ငွေကြေးကို ပိုင်ဆိုင်လာတာဖြစ်ပါတယ်။ Tesla ရဲ့ စတော့ရှယ်ယာဟာ ၃ နှစ်ခွဲအတွင်း အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ရှယ်ယာ တစ်ခုကို ၃၅၂.၅၆ ဒေါ်လာ ဖြစ်လာပါတယ်။ ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ခံရပြီးနောက်  Elon Musk နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့အတွက် ထရမ့်က Musk အတွက် စီးပွားရေး အခွင့်အလမ်းတွေ ပေးလာနိုင်တယ်ဆိုတဲ့ ယူဆချက်တွေကြောင့် အခုလို Tesla ရဲ့ ရှယ်ယာ တန်ဖိုးတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

Elon Musk plans to charge new X users $1 to use the app, so I guess I'm  really done with Twitter now

Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ Tesla ရဲ့ စတော့ ရှယ်ယာ တန်ဖိုးတွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ Musk ရဲ့ Tesla စတော့ရှယ်ယာ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၄၅ ဘီလီယမ် ရှိပြီး AI ကုမ္ပဏီ xAI မှာ ဒေါ်လာ ၁၃ ဘီလီယမ် ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် Musk ဟာ SpaceX , Neuralink နဲ့ X (Twitter) တို့မှာလည်း ပိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ အဲဒါကြောင့်လည်း ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ် နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။

Ref : Tech Explorers