Elon Musk ဟာ တွစ်တာကို ဝယ်ယူပြီးနောက် CEO ရာထူးကို ရယူထားပါတယ်။ ဒါပေမယ့် သူဟာ CEO ရာထူးကို တခြား တစ်ယောက်ကို လွှဲပေးဖို့ ပြင်ဆင်နေပါတယ်။ သူက ဒူဘိုင်းက World Government Summit မှာ ဗီဒီယိုကနေ တစ်ဆင့် တွစ်တာကို တည်ငြိမ်အောင်နဲ့ စီးပွားရေးကောင်းအောင် လုပ်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ သူက တွစ်တာကို စီမံခန့်ခွဲဖို့ တစ်စုံတစ်ယောက်ကို ရှာဖွေနေတယ်လို့ ပြောပါတယ်။

Musk က တွစ်တာ CEO ရာထူးကနေ ဆင်းပေးမယ်လို့ ပြောတာ ဒါပထမဆုံး အကြိမ် မဟုတ်ပါဘူး။ အခုတော့ ရာထူး လွှဲပြောင်းပေးမယ့် အချိန်ကို သိလာရပါပြီ။ သတင်းအရင်းအမြစ်တွေအရ Musk က တွစ်တာ CEO ရာထူးအတွက် လူတစ်ယောက်ကို ရှာဖွေနေပြီး ဒီနှစ်ကုန်မှာ ရာထူးလွှဲပြောင်းပေးမယ်လို့ Bloomberg ကို ပြောကြောင်း သိရပါတယ်။ Musk ဟာ Tesla မှာ ရုံးမထိုင်တော့တဲ့အတွက် Tesla ရဲ့ ရင်းနှီးမြှပ်နှံသူ တချို့က ဘဝင်မကျ ဖြစ်နေကြပါတယ်။ Musk ကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကနေ ၅ နှစ်အတွင်းနဲ့ နှိုင်းယှဉ်ရင် SpaceX နဲ့ Tesla မှာ အလုပ်လုပ်စရာ နည်းသွားပြီလို့ ပြောပါတယ်။

Elon Musk says end-2023 'good timing' to find new Twitter head | Reuters

Elon Musk က တွစ်တာဟာ Startup ၁ ခု ပြန်ဖြစ်သွားပြီလို့ UAE အာဏာပိုင်တွေကို ဗီဒီယို Call အတွင်း ပြောကြားခဲ့ပါတယ်။ တွစ်တာကို တည်ငြိမ်တဲ့ အနေအထား ရောက်ဖို့ အလုပ်အများကြီးလုပ်ဖို့ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။ သူဟာ လက်ရှိမှာ ၁ ပတ် ၇ ရက်အလုပ်လုပ်နေပြီး ၁ ရက်ကို ၆ နာရီပဲ အိပ်နေပါတယ်။ သူက ၁ ပတ်ကို နာရီ ၈၀ အလုပ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

Ref : gsmarena