Tesla ရဲ့ Fans တွေ စိတ်လှုပ်ရှားရမယ့်နေ့ ရောက်လာတော့မှာပါ။ ပေါက်ကြားသတင်းတွေအရ Tesla ဟာ ကား အသစ် ၂ စီးကို ကြေညာတော့မှာ ဖြစ်ပြီး ၁ စီးက ဈေးချိုတဲ့ လျှပ်စစ်ကား ဖြစ်ပြီး ဒေါ်လာ ၂၅,၀၀၀ တန် Tesla ဖြစ်ပါတယ်။

နောက် ၁ စီးက စတီယာရင်နဲ့ ခြေနင်း မပါတဲ့ မောင်းသူမဲ့ ကား ဖြစ်ပါတယ်။ အခုတော့ Elon Musk က X လူမှုကွန်ရက်မှာ Tesla Robotaxi ကို ဩဂုတ်လ ၈ ရက်နေ့ ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။

Elon Musk

Musk ဟာ Walter Isaacson ရေးသားထားတဲ့ သူ့အကြောင်း အထုပ္ပတ္တိမှာ မောင်းသူမဲ့ ကားအကြောင်း ပြောထားပြီး ၂၀၂၄ ခုနှစ်မှာ ကြေညာမယ်လို့ ပြောထားပါတယ်။ အဲဒီ စာအုပ်မှာ Robotaxi ရဲ့ ဒီဇိုင်းပုံကြမ်းတွေတောင် ပါလာပြီး Cybertruck နဲ့ ဆင်တူပါတယ်။

Elon Musk says he'll unveil a Tesla robotaxi on August 8

လက်ရှိမှာတော့ အဲဒီ ကားနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် Tesla Fans တွေက ဈေးချိုတဲ့ လျှပ်စစ်ကားနဲ့ Robotaxi အကြောင်းကို စိတ်ဝင်စားနေကြပါတယ်။ ဩဂုတ်လ ၈ ရက်နေ့ဟာ Tesla အတွက် ပွဲကြီးပွဲကောင်း ဖြစ်နိုင်ပြီး ကား အသစ် ၂ စီးကို ကြေညာနိုင်ပါတယ်။

Elon Musk ဟာ ကား အသစ် ကြေညာမယ့်နေ့တွေကို ကြိုတင် ပြောလေ့ ရှိပေမယ့် သူ ပြောတဲ့ ရက်ထက် နောက်ကျပြီးမှ ကြေညာလေ့ရှိပါတယ်။ အခုတစ်ကြိမ်မှာလည်း အဲဒီလိုပဲ ဖြစ်နိုင်ပါတယ်။

Ref : gizmochina