Elon Musk ကတော့ သူပိုင်ဆိုင်တဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့ပြောင်းလဲမှုတွေကို မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။ အဲဒါကတော့ Twitter ကို သုံးစွဲသူတွေအတွက် ငွေဝင်စေမဲ့ နည်းလမ်းတစ်ခုကို ဖန်တီးပေးမယ်ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

Tweets ဖန်တီးသူတွေဟာ ကြော်ငြာကရရှိတဲ့ ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ရရှိခံစားနိုင်မယ်လို့ Musk က ပြောခဲ့တာ ဖြစ်ပါတယ်။ ရရှိတဲ့ပမာဏဟာ မူရင်း Tweet ရဲ့ Ad impression တုံ့ပြန်မှုပေါ်မူတည်မှာ ဖြစ်ပါတယ်။ Tweet တစ်ခု အောင်မြင်လေလေ၊ တုံ့ပြန်မှုများလေလေ၊ အဲဒီ Tweet ကို ဖန်တီးသူက ငွေပိုရလေ ဖြစ်ပါတယ်။

Twitter အသုံးပြုသူတစ်ယောက်ယောက်က Tweet ထဲကို ဝင်ရောက်ပြီး Responses တွေကိုကြည့်ဖို့ Scrolls down လုပ်သွားတိုင်း ကြော်ငြာ Impression ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကြော်ငြာကနေရတစ်ဆင့် ရရှိတဲ့ဝင်ငွေတစ်စိတ်တစ်ပိုင်းဟာ Tweet ဖန်တီးသူရဲ့ အကောင့်ကို ရောက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Twitter သုံးရင်းနဲ့ ပိုက်ဆံရှာနိုင်မယ်ဆိုတဲ့အကြောင်းကိုပဲ Musk က ပြောသွားတာပါ။ ပိုက်ဆံကို ဘယ်လိုဘယ်ပုံ စည်းမျဉ်းစည်းကမ်းတွေနဲ့ပေးမယ်၊ ဘယ်လိုတွက်ချက်ပြီးပေးမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေ မပြောထားသေးပါဘူး။ ဒါဟာ Twitter မှာ အကောင်အထည်ဖော်တော့မဲ့ Wallet feature နဲ့လည်း ဆက်စပ်နိုင်ပါတယ်။

သေချာတာတစ်ခုကတော့ Musk က သုံးစွဲသူတွေကို ပိုက်ဆံပြန်မပေးခင်၊ သုံးစွဲသူတွေဆီက ပိုက်ဆံအရင်ယူမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလုပ်ဆောင်ချက်ကို Twitter Blue နဲ့ အတည်ပြုထားတဲ့ အသုံးပြုသူတွေပဲ ရနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူတို့ဟာ အထောက်အထားဖြည့်သွင်းပြီး လစဉ် Subscription fee ကို အရင်ပေးထားရမှာပဲ ဖြစ်ပါတယ်။

Ref: Gizchina