Elon Musk ရဲ့ AI ကုမ္ပဏီဖြစ်တဲ့ xAI ဟာ သူတို့ရဲ့ Grok AI ကို အစိုးရအေဂျင်စီတွေမှာ အသုံးပြုနိုင်ဖို့အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဒေါ်လာသန်း ၂၀၀ အထိ တန်ဖိုးရှိတဲ့ စာချုပ်တစ်ခုကို ချုပ်ဆိုလိုက်နိုင်ပြီ ဖြစ်ပါတယ်။
အဲဒီသဘောတူညီချက်ဟာ ကာကွယ်ရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ လုပ်ငန်းတွေအတွက် အဆင့်မြင့် AI နည်းပညာတွေ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ ပင်တဂွန်ရဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
xAI ရဲ့ “Grok for Government” လို့ခေါ်တဲ့ ဝန်ဆောင်မှုအသစ်ကို အထွေထွေဝန်ဆောင်မှုစီမံခန့်ခွဲရေးဌာန (GSA) ကနေတစ်ဆင့် ရရှိနိုင်မှာဖြစ်ပြီး၊ ဘယ်အစိုးရအေဂျင်စီမဆို သူတို့ရဲ့ AI နည်းပညာတွေကို ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ပင်တဂွန်ရဲ့ Chief Digital and Artificial Intelligence Office (CDAO) လက်အောက်မှာ အလားတူ ဒေါ်လာသန်း ၂၀၀ တန်ဖိုးရှိတဲ့ သဘောတူညီချက်တွေ ချုပ်ဆိုထားတဲ့ OpenAI, Google, နဲ့ Anthropic တို့ရဲ့နောက်ကို xAI က လိုက်ပါဝင်ရောက်လာတာ ဖြစ်ပါတယ်။
Ref : Technology Innovation