Elon Musk ပိုင်ဆိုင်တဲ့ X (Twitter) ပေါ်က Grok AI မှာ ပုံတွေကို ပြုပြင်လို့ရတဲ့ Feature အသစ်တစ်ခု ပါလာပြီးနောက်ပိုင်း သုံးစွဲသူတွေက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံတွေကို အဝတ်အစားမပါအောင် (ဒါမှမဟုတ်) ရေကူးဝတ်စုံလောက်ပဲ ကျန်တော့အောင် ဖန်တီးပြုပြင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

Grok' created an AI sexualised image of me without my consent | Glamour UK

ဒီကိစ္စဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလအစပိုင်းမှာ “Digital Undressing Spree” (ဒီဂျစ်တယ်နည်းနဲ့ လူကို အဝတ်အစားချွတ်ခြင်း) ဆိုပြီး အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်။ သုံးစွဲသူတွေက သာမန်ဓာတ်ပုံတွေကို Grok ဆီပို့ပြီး “အဝတ်အစားဖယ်လိုက်”၊ “ဘီကီနီ ဝတ်ပေးလိုက်” ဆိုပြီး ခိုင်းစေကြရာကနေ ကာယကံရှင် သဘောတူညီမှုမရှိတဲ့ လိင်ပိုင်းဆိုင်ရာ ပုံရိပ်တွေ အများအပြား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Musk breaks silence on Grok's Nazi bender

အဆိုးဆုံးကတော့ ဒီလိုပြုလုပ်ခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်နေတာပါ။ Elon Musk ရဲ့ ကလေးတစ်ယောက်ရဲ့ မိခင်ဖြစ်သူ Ashley St Clair ကလည်း သူမရဲ့ ငယ်ဘဝပုံရိပ်ကို Grok က အဝတ်အစားချွတ်ပြီး ဖန်တီးခဲ့တာကြောင့် “ရွံရှာမိပြီး စော်ကားခံရသလို ခံစားရတယ်” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ပြင်သစ်၊ အိန္ဒိယနဲ့ ဥရောပသမဂ္ဂ (EU) တို့က ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ Grok ကို ဖန်တီးတဲ့ xAI ကုမ္ပဏီဘက်ကတော့ လုံခြုံရေးဆိုင်ရာ ဟာကွက်တွေ ရှိခဲ့တာကို ဝန်ခံထားပြီး အရေးတကြီး ပြုပြင်နေတယ်လို့ ဆိုပေမယ့် Elon Musk ကတော့ အစပိုင်းမှာ ဒီကိစ္စကို လှောင်ပြောင်သလိုမျိုး တုံ့ပြန်ခဲ့တာကြောင့် ဝေဖန်မှုတွေ ပိုမိုမြင့်တက်နေပါတယ်။

ref : atlantic