Elon Musk ရဲ့ SpaceX ဟာ ပြီးခဲ့တဲ့ ၁၃ ရက်နေ့မှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ SpaceX ဟာ တက္ကဆပ် ပြည်နယ်၊ ဘိုကာချီကာ ကနေ ဒုံးပျံ (Rocket Booster)နဲ့ Starship အာကာသယာဉ်ကို လွှတ်တင်ခဲ့ပါတယ်။ ဒုံးပျံဟာ အာကာသယာဉ်ကို ပို့ဆောင်ပြီးနောက်မှာ ကမ္ဘာမြေပေါ် ပြန်လည် ကျရောက်လာခဲ့ပါတယ်။

အဲဒီအခါမှာ SpaceX က Chopsticks လို့ခေါ်တဲ့ ကြီးမားတဲ့ စက်ရုပ်လက်တံတွေနဲ့ ၂၃၂ ပေ (၇၁ မီတာ) ရှိတဲ့ ဒုံးပျံကို ဖမ်းယူနိုင်ခဲ့ပါတယ်။ ဒုံးပျံကို အပျက်အဆီး နည်းနည်းနဲ့ ပြန်လည် ဖမ်းယူနိုင်အောင် တီထွင်ခဲ့ကြတာ ဖြစ်ပြီး အဲဒီအတွက် SpaceX ဟာ ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျမှု သက်သာသွားပါတယ်။

WATCH: Amazing Moment as SpaceX Catches Giant Starship Booster : ScienceAlert

အရင်ကတော့  ကမ္ဘာပေါ်ကို ပြန်လည်ကျရောက်လာတဲ့ ဒုံးပျံတွေကို ပင်လယ်ထဲကို ဆင်းသက်စေတာ သို့မဟုတ် ပင်လယ်ပြင်ပေါ်က ဆင်းသက်စင်ပေါ် ဆင်းသက်စေတာ စတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းတွေဟာ ဒုံးပျံကို ပျက်ဆီးမှု များပြားစေပြီး ပြင်ဆင်တဲ့ ကုန်ကျစားရိတ် မြင့်မားစေပါတယ်။

အခုလို လေထဲမှာ စက်ရုပ်လက်တံတွေနဲ့ ဖမ်းယူနိုင်ခဲ့တဲ့အတွက် ပျက်ဆီးမှု နည်းပါးပြီး ပြင်ဆင်ရတဲ့ ကုန်ကျစားရိတ် သက်သာစေပါတယ်။ အဲဒါကြောင့် SpaceX ဟာ ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျမှု သက်သာသွားပါတယ်။ ဒုံးပျံကို ဒီလို ဖမ်းယူနိုင်တာဟာ ကမ္ဘာမှာ SpaceX ကုမ္ပဏီ တစ်ခုထဲပဲ ရှိသေးတဲ့အတွက် သမိုင်းသစ်ရေးထိုးနိုင်တယ်လို့ ပြောရမှာပါ။

Ref: Livemint