ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အီရန်နဲ့ အစ္စရေးအကြား တင်းမာမှုတွေ မြင့်တက်လာပြီးနောက် အီရန်အစိုးရက နိုင်ငံတစ်ဝန်း အင်တာနက်ကို ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ ဒီလို အင်တာနက်ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေချိန်မှာ Elon Musk က သူ့ရဲ့ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကို အီရန်မှာ ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း “The beams are on” လို့ X (ယခင် Twitter) မှာ ပို့စ်တင်ပြီး အတည်ပြုပြောကြားခဲ့ပါတယ်။

Elon Musk to activate Starlink in Iran as govt shuts down internet amid  protests - India Today

 ဘာကြောင့် Starlink ကို ဖွင့်ပေးခဲ့တာလဲ။

အီရန်အစိုးရဟာ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ မဖြစ်အောင်နဲ့ သတင်းစီးဆင်းမှုကို ထိန်းချုပ်ဖို့အတွက် အင်တာနက်ကို ပိတ်ပင်လေ့ရှိပါတယ်။ ဒီလိုအချိန်မှာ Starlink ရဲ့ ပံ့ပိုးမှုဟာ အီရန်ပြည်သူတွေအတွက် ဆင်ဆာမဲ့ အင်တာနက်ရရှိစေပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မပြတ်အောင် ကူညီပေးနိုင်ပါတယ်။ Starlink ဟာ မြေနိမ့်ပတ်လမ်းမှာရှိတဲ့ ဂြိုဟ်တုတွေကို အသုံးပြုတာကြောင့် ရိုးရိုး အင်တာနက် အခြေခံအဆောက်အအုံတွေ ပျက်စီးနေတဲ့ ဒါမှမဟုတ် ထိန်းချုပ်ခံထားရတဲ့ နေရာတွေမှာ အင်တာနက် ချိတ်ဆက်မှု ပေးနိုင်ပါတယ်။

Elon Musk activates Starlink in Iran following internet blackout |  IDNFinancials

 Starlink Terminals များ

လက်ရှိအချိန်မှာ Starlink terminals (အင်တာနက်ဖမ်းစက်များ) ၂၀,၀၀၀ ခန့်ဟာ အီရန်မှာ မှောင်ခိုဈေးကွက်ကနေ ရောက်ရှိနေပြီး လည်ပတ်နေတယ်လို့ လုပ်ငန်းခွင်သုံး လေ့လာသူတွေက ခန့်မှန်းထားပါတယ်။ ဒီ terminals တွေဟာ အီရန်နိုင်ငံသားတွေအတွက် အင်တာနက် ချိတ်ဆက်မှု ရရှိစေဖို့ အရေးပါတဲ့ ကိရိယာတွေ ဖြစ်လာပါတယ်။ Starlink ရဲ့ “cell-to-satellite” ဆက်သွယ်ရေး စနစ်တွေလည်း အီရန်မှာ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

 နိုင်ငံရေးအရ အကျိုးသက်ရောက်မှု

Elon Musk ရဲ့ Starlink ဖွင့်လှစ်ပေးမှုဟာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုအနေနဲ့ နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးအပေါ် ဘယ်လောက်အထိ လွှမ်းမိုးနိုင်လဲဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။ အီရန်အစိုးရအနေနဲ့ အင်တာနက်ကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲစေပြီး သတင်းအချက်အလက် စီးဆင်းမှုကို စောင့်ကြည့် ကန့်သတ်ဖို့ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ပိုမိုရှုပ်ထွေးစေမှာ ဖြစ်ပါတယ်။

Ref : ndtv