SpaceX ရဲ့ Starlink ဌာနက သုံးစွဲသူ စံချိန်တင်များပြားလာတဲ့ အကြောင်းကို ကြေညာလိုက်ပါတယ်။ Elon Musk ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကို ကမ္ဘာအဝန်းမှာ သုံးစွဲသူ ၂.၃ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၇၀ မှာ Starlink ဂြိုလ်တု အင်တာနက်ကို အသုံးပြုကြတယ်လို့ Starlink က X (Twitter) မှာ ပို့စ်တင်ထားပါတယ်။

Starlink ဟာ ၂၀၂၂ ခုနှစ်အကုန်မှာ သုံးစွဲသူ ၁ သန်းဝန်းကျင်ရှိလာခဲ့ပြီး ဒီနှစ် စက်တင်ဘာလမှာ သုံးစွဲသူ ၂ သန်းကျော်သွားခဲ့ကာ သုံးစွဲသူတွေ လျှင်မြန်စွာ များပြားလာတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ နမူနာ ဂြိုလ်တုတွေကို အာကာသသို့ လွှတ်တင်ခဲ့ပြီးနောက် SpaceX ဟာ ၂၀၁၉ ခုနှစ်မှာ စွမ်းရည်ပြည့်ဝတဲ့ ဂြိုလ်တု ပထမအသုတ်ကို အာာသသို့ လွှတ်တင်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ SpaceX ဟာ ဂြိုလ်တုပေါင်း ၅,၀၀၀ ကျော်ကို အာကာသသို့ လွှတ်တင်ခဲ့ပြီးပါပြီ။ ကုမ္ပဏီက ကမ္ဘာပတ်လမ်းကြောင်း အနိမ့်မှာ ရှိတဲ့ ဂြိုလ်တု ကွန်ရက်ကို အသုံးပြုကာ တစ်ကမ္ဘာလုံးမှာ မြန်နှုန်းမြင့် အင်တာနက်ကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။

Elon Musk: Starlink Will Come Out of Beta Testing Next Month

နိုဝင်ဘာလ အစောပိုင်းမှာ SpaceX CEO Elon Musk က Starlink ဟာ ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကနေ ဝင်ငွေများစွာ ရရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။

နှိုင်းယှဉ်ရရင် AT&T ဟာ ၂၀၂၂ ခုနှစ်အကုန်အထိ အမေရိကန်မှာ Broadband အင်တာနက် သုံးစွဲသူ ၁၅ သန်းကျော် ပိုင်ဆိုင်ထားပြီး Verizon က ၇ သန်းကျော် ပိုင်ဆိုင်ထားတယ်လို့ Statista ရဲ့ ဒေတာတွေအရ သိရပါတယ်။

Ref : Benzinga