အာကာသ လေ့လာသူတွေရဲ့ အဆိုအရ အီလွန်မက်စ်ရဲ့ Starlink ဂြိုလ်တုတွေဟာ အခုဆိုရင် နေ့စဉ် ကမ္ဘာပေါ်ကို ပြန်ပြုတ်ကျနေပြီး တစ်နေ့ကို လေးလုံးအထိ လေထုထဲမှာ လောင်ကျွမ်းသွားနေတယ်လို့ သိရပါတယ်။

ဟားဗတ်တက္ကသိုလ်က နက္ခတ္တဗေဒပညာရှင် ဂျိုနသန် မက်ဒေါင်ဝဲလ် က EarthSky ကို ပြောတာကတော့ “၂၀၂၅ ခုနှစ်မှာ နေ့စဉ် Starlink ဂြိုလ်တု တစ်လုံးကနေ နှစ်လုံးအထိ ပတ်လမ်းကနေ ပြန်ထွက်နေတာ” ကို သူ မှတ်တမ်းတင်ထားပါတယ်တဲ့။ SpaceX က သူ့ရဲ့ ဂြိုလ်တု ကွန်ရက်ကို တိုးချဲ့လာတာနဲ့အမျှ အဲဒီအရေအတွက်က တစ်နေ့ကို ငါးလုံးအထိ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

China races to outflank Elon Musk's Starlink satellite internet service

လက်ရှိမှာ ကမ္ဘာကို လှည့်ပတ်နေတဲ့ အရာဝတ္ထုပေါင်း ၂၀,၀၀၀ လောက် ရှိပြီး၊ အဲဒီထဲမှာ အသုံးပြုနေဆဲ ဂြိုလ်တု ၁၂,၀၀၀ ပါဝင်ပါတယ်။ အဲဒီအထဲက ၈,၅၀၀ က Starlink ရဲ့ ဂြိုလ်တုတွေ ဖြစ်ပါတယ်။ Starlink ဂြိုလ်တုအများစုက သက်တမ်း ငါးနှစ်လောက်ပဲ ရှိပြီး ကမ္ဘာ့လေထုထဲကို ပြန်ဝင်လာတဲ့အခါ အာကာသအမှိုက်တွေ မကျန်အောင် အပြည့်အဝ လောင်ကျွမ်းသွားဖို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Starlink ဂြိုလ်တုတွေ ကမ္ဘာပေါ်ကို ပြန်ဝင်လာတာက အန္တရာယ်မရှိဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပေမယ့်၊ ထိန်းချုပ်မရတော့တဲ့ ဂြိုလ်တုအဟောင်းတွေနဲ့ ဒုံးပျံအစိတ်အပိုင်းတွေကတော့ ကမ္ဘာပေါ်ကို ပြန်ကျလာတဲ့အခါ လေထုထဲမှာ မလောင်ကျွမ်းခဲ့ရင် အန္တရာယ်ဖြစ်စေနိုင်ပါတယ်တဲ့။

လောင်ကျွမ်းသွားတဲ့ ဂြိုလ်တုတွေကနေ ထွက်လာတဲ့ အလူမီနီယမ်အောက်ဆိုဒ် (aluminum oxide) က လေထုရဲ့ ဓာတုဖွဲ့စည်းပုံနဲ့ အပူချိန်ကို ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာကို သုတေသီတွေက လေ့လာနေကြပါတယ်။

လောလောဆယ်မှာတော့ Starlink ဂြိုလ်တုတွေ ကမ္ဘာကိုပြန်ဝင်လာတာက ဘေးအန္တရာယ် မဖြစ်စေဘဲ ကောင်းကင်မှာ မီးပန်းဖောက်နေသလို လှပနေပါတယ်။  ဒါပေမဲ့ ဂြိုလ်တုအရေအတွက်တွေ တိုးများလာရင်တော့ အခြေအနေက ပြောင်းလဲသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Ref : Technology Innovation