AI နည်းပညာဟာ သေဆုံးပြီးသား လူတွေကိုတောင် ပြန်လည် အသက်သွင်းနိုင်တယ်လို့ ပြောရတော့မှာပါ။ အသက် ၄၂ နှစ်အရွယ် ၁၉၇၇ ခုနှစ်မှာ သေဆုံးခဲ့တဲ့ “King of Rock & Roll” လို့ တင်စားခံရတဲ့ Elvis Presley ရဲ့ ရှိုးပွဲကို လန်ဒန်မှာ နိုဝင်ဘာလမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

Austin Butler in "Elvis."

အဲဒီပွဲကို “Elvis Evolution” လို့ အမည်ပေးထားပြီး Elvis Presley ဟာ စတိတ်စင်ပေါ်မှာ သက်ရှိထင်ရှား သီဆို ဖျော်ဖြေနေသလိုမျိုး ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယို ထောင်ပေါင်းများစွာကို AI နည်းပညာအသုံးပြုကာ စတိတ်စင်ပေါ်မှာ ဖျော်ဖြေနေသလို ဖန်တီးထားမှာ ဖြစ်ပါတယ်။ AI Hologram Show လို့ ပြောနိုင်ပြီး ဒစ်ဂျစ်တယ် Elvis Presley က သီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်။

Who Was Elvis Presley Named After?

သူ့ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ တေးသီးချင်းများစွာကို ဖျော်ဖြေဖို့ ရွေးချယ်ထားပါတယ်။ ပရိတ်သတ်တွေဟာ သူ့ဖျော်ဖြေမှု၊ လှုပ်ရှားမှုတွေကို မျက်မြင်တွေ့နိုင်ကြမှာဖြစ်ပြီး သူအသက်ရှင်ထင်ရှားရှိသေးတဲ့အတိတ်ကာလကြီးကို ရောက်သွားသလို ခံစားကြရမှာ ဖြစ်ပါတယ်။

လန်ဒန် ပွဲပြီးသွားရင် လတ်စ်ဗီးဂတ်စ်၊ ဘာလင်နဲ့ တိုကျိုတို့မှာလည်း Elvis Presley ရဲ့ ရှိုးပွဲကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ AI နည်းပညာဟာ ဒီနှစ်ပိုင်းအတွင်းမှာ အရမ်းကို တိုးတက်လာပြီး နယ်ပယ်ပေါင်းစုံမှာ အသုံးပြုလာကြပါတယ်။ AI ဟာ လူသားတွေရဲ့ ဘဝတွေကို တိုးတက်စေမှာ ဖြစ်ပေမယ့် လူတွေကို အန္တရာယ်ရှိစေတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေပါတယ်။

Ref : nypost