အမေရိကန်နဲ့ ကနေဒါမှာ မိတ်ဆက်ပြီး ၁ လနီးပါးအကြာမှာ Apple ရဲ့ Emergency SOS via Satellite ကို iPhone 14 Series User တွေအတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အိုင်ယာလန်မှာ ဖြန့်ချိလိုက်ပါတယ်။ User တွေဟာ Cellular နဲ့ WiFi ဆက်သွယ်မှု မရတဲ့ အချိန်မှာ ဂြိုလ်တု ဆက်သွယ်ရေး အခြေပြု Emergency ဝန်ဆောင်မှုကို ရယူနိုင်မှာပါ။ User တွေဟာ သူတို့ ဖုန်းတွေမှာ Emergency SOS via Satellite ကို အသုံးပြုဖို့အတွက် iOS 16.1 နဲ့ အထက်ကို တင်ထားရမှာပါ။
အဲဒီ လုပ်ဆောင်ချက်ကို Cellular ဆက်သွယ်မှု မရတဲ့ အချိန်မှာ Phone App ကနေ အသုံးပြုနိုင်ပါတယ်။ User တွေဟာ Call Screen မှာ Emergency Text via Satellite Button ကို တွေ့ရမှာ ဖြစ်ပြီး သင့် အခြေအနေ အသေးစိတ်ကို နောက်တစ်ဆင့်မှာ ရေးသားပေးရမှာ ဖြစ်ပါတယ်။ အဲဒီ Message ကို Apple ရဲ့ Relay Center တွေကနေ တစ်ဆင့် ဒေသခံ အာဏာပိုင်တွေဆီ ပေးပို့မှာပါ။
ဂြိုလ်တုနဲ့ ရှင်းလင်းတဲ့ ဆက်သွယ်မှု ရအောင် ဖုန်းကို ဘယ်လို ကိုင်ထားရမလဲ ဆိုတာ လမ်းညွှန်ပြသပေးမှာပါ။ Message ထဲမှာ တည်နေရာ၊ သင်ရေးသားထားတဲ့ စာသားတွေ၊ iPhone ဘက်ထရီ အခြေအနေနဲ့ User ရဲ့ Medical ID စတဲ့ သတင်းအချက်အလက်တွေ ပါပါတယ်။
European Emergency Number Association ရဲ့ CEO Gary Machado က “ ဒီလုပ်ဆောင်ချက်က လူ့အသက်များစွာကို ကယ်တင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အရေးပေါ် အကူအညီလိုအပ်နေသူတွေကို အမြန်ဆုံး ကူညီပေးနိုင်မှာပါ။ “ လို့ ပြောပါတယ်။
Ref : gsmarena