[Unicode]

MatePad Pro မတိုင်ခင်မှာ Huawei က MediaPad M6 Series တွေကို ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ ၈.၄ လက်မ မော်ဒယ်၊ ၈.၄ လက်မ Turbo မော်ဒယ်နဲ့ ၁၀.၈ လက်မ မော်ဒယ်တွေ ပါပါတယ်။ အဲဒီ မော်ဒယ် အားလုံးမှာ စွမ်းရည်မြင့် Kirin 980 Processor မောင်းနှင်ထားပါတယ်။ အားလုံးမှာ Android Pie အခြေပြု EMUI 9.1 ထည့်ထားပါတယ်။ Huawei က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဲဒီ တက်လလက် ၃ လုံးအတွက် EMUI 10 Open Beta ဖြန့်ချိပေးလိုက်ပြီလို့ ကြေညာခဲ့ပြီး Android 10 အခြေပြု ဖြစ်ပါတယ်။

Huawei က Open Beta Update မှာ စွမ်းဆောင်ရည်နဲ့ AI Assistant တွေ ပိုကောင်းလာတယ်လို့ ပြောပါတယ်။ UI အသစ်နဲ့ System-wide Dark Mode ထည့်ထားပါတယ်။ Huawei Club App ကနေ EMUI Zone ထဲသွားပြီး Beta Update ကို ရယူနိုင်ပါတယ်။

MediaPad M6 Series တွေမှာ IPS LCD မျက်နှာပြင်တွေ ပါလာပါတယ်။ တူညီတဲ့ 13MP အနောက်ကင်မရာနဲ့ 8MP အရှေ့ ကင်မရာတွေ ထည့်ထားပါတယ်။ ၈.၄ လက်မနဲ့ ၁၀.၈ လက်မ မော်ဒယ်တွေအတွက် 4GB + 64GB နဲ့ 4GB + 128GB တွေ ထုတ်လုပ်ပေးထားပြီး Turbo မော်ဒယ်အတွက် 6GB + 128GB ၁ ခုပဲ ရွေးချယ်နိုင်ပါတယ်။

၁၀.၈ လက်မ မော်ဒယ်ဟာ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ Audio Jack ပါတဲ့ ၁ ခုထဲသော မော်ဒယ် ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်မှာ 7500mAh ဘက်ထရီနဲ့ ၈.၄ လက်မမော်ဒယ်မှာ 6100mAh ဘက်ထရီတွေ ပါပါတယ်။

Ref : gizmochina

[Zawgyi]

Huawei MediaPad M6 Series အတြက္ EMUI 10 Open Beta ရၿပီ 

MatePad Pro မတိုင္ခင္မွာ Huawei က MediaPad M6 Series ေတြကို ေၾကညာခဲ့ပါတယ္။ အဲဒီထဲမွာ ၈.၄ လက္မ ေမာ္ဒယ္၊ ၈.၄ လက္မ Turbo ေမာ္ဒယ္နဲ႔ ၁၀.၈ လက္မ ေမာ္ဒယ္ေတြ ပါပါတယ္။ အဲဒီ ေမာ္ဒယ္ အားလံုးမွာ စြမ္းရည္ျမင့္ Kirin 980 Processor ေမာင္းႏွင္ထားပါတယ္။ အားလံုးမွာ Android Pie အေျချပဳ EMUI 9.1 ထည့္ထားပါတယ္။ Huawei က ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ အဲဒီ တက္လလက္ ၃ လံုးအတြက္ EMUI 10 Open Beta ျဖန္႔ခ်ိေပးလိုက္ၿပီလို႔ ေၾကညာခဲ့ၿပီး Android 10 အေျချပဳ ျဖစ္ပါတယ္။

Huawei က Open Beta Update မွာ စြမ္းေဆာင္ရည္နဲ႔ AI Assistant ေတြ ပိုေကာင္းလာတယ္လို႔ ေျပာပါတယ္။ UI အသစ္နဲ႔ System-wide Dark Mode ထည့္ထားပါတယ္။ Huawei Club App ကေန EMUI Zone ထဲသြားၿပီး Beta Update ကို ရယူႏိုင္ပါတယ္။

MediaPad M6 Series ေတြမွာ IPS LCD မ်က္ႏွာျပင္ေတြ ပါလာပါတယ္။ တူညီတဲ့ 13MP အေနာက္ကင္မရာနဲ႔ 8MP အေရွ႕ ကင္မရာေတြ ထည့္ထားပါတယ္။ ၈.၄ လက္မနဲ႔ ၁၀.၈ လက္မ ေမာ္ဒယ္ေတြအတြက္ 4GB + 64GB နဲ႔ 4GB + 128GB ေတြ ထုတ္လုပ္ေပးထားၿပီး Turbo ေမာ္ဒယ္အတြက္ 6GB + 128GB ၁ ခုပဲ ေရြးခ်ယ္ႏုိင္ပါတယ္။

၁၀.၈ လက္မ ေမာ္ဒယ္ဟာ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ Audio Jack ပါတဲ့ ၁ ခုထဲေသာ ေမာ္ဒယ္ ျဖစ္ပါတယ္။ အဲဒီ ေမာ္ဒယ္မွာ 7500mAh ဘက္ထရီနဲ႔ ၈.၄ လက္မေမာ္ဒယ္မွာ 6100mAh ဘက္ထရီေတြ ပါပါတယ္။

Ref : gizmochina