Human Mobile Devices (HMD Global) က Nokia Branding မပါတဲ့ ကိုယ်ပိုင် Device တွေကို စတင် ရောင်းချတော့မှာ ဖြစ်တဲ့အတွက် Nokia စမတ်ဖုန်းတွေ အဆုံးသတ်သွားပါပြီ။ HMD က ဒီသတင်းကို ကြေညာလိုက်တာ ဖြစ်ပြီး နောက်ထုတ်မယ့် Device တွေအကြောင်းကိုပါ အရိပ်အမြွက်ပြောကြားသွားပါတယ်။

HMD ဟာ စမတ်ဖုန်း ၊ တက်ဘလက်နဲ့ ကြိုးမဲ့ နားကြပ်တွေကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး HMD ရဲ့ ပထမဆုံး စမတ်ဖုန်းကို ဖေဖော်ဝါရီလ ၂၆ ရက်ကနေ ၂၉ ရက်အတွင်း ကျင်းပမယ့် Mobile World Congress(MWC) Bercelona မှာ ကြေညာနိုင်ပါတယ်။

Teaser for an updated Nokia 3310 with 5G support

HMD ဟာ မာကျော၊ လုံခြုံ၊ လျှင်မြန်ပြီး ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်း အသစ်တွေကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားပါတယ်။ လက်ရှိ Nokia စမတ်ဖုန်းနဲ့ တက်ဘလက်တွေကိုတော့ ပစ္စည်းပြတ်တဲ့အထိ လျှော့ဈေးနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Nokia Corporation ဟာ Network ပစ္စည်းနဲ့ မိုဘိုင်း နည်းပညာ နယ်ပယ်မှာ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ အဖြစ်ရှိနေဆဲ ဖြစ်ပြီး 5G နဲ့ ပတ်သက်တဲ့ Patent ပေါင်း ၆,၀၀၀ ကျော် ပိုင်ဆိုင်ထားပါတယ်။

မိုဘိုင်းဖုန်း ခေတ်ဦးမှာ Nokia ဟာ ပြိုင်ဖက်ကင်း ကုမ္ပဏီ ဖြစ်ပြီး ကမ္ဘာအဝန်းမှာ  Nokia ဖုန်းတွေဟာ ရောင်းအားအလွန်ကောင်းခဲ့ပါတယ်။ အခုတော့ Nokia စမတ်ဖုန်းတွေ နိဂုံးချုပ်သွားပါပြီ။

Ref : gsmarena