Avenir Telecom က Energizer P28K စမတ်ဖုန်းမှာ 28,000mAh Battery ပါမယ်လို့ အရင်က သတင်းပေးခဲ့ပါတယ်။ အခုတော့ အဲဒီ ဖုန်းကို MWC 2024 မှာ ကြေညာလိုက်ပါတယ်။

Energizer Hard Case P28K ရဲ့ ကြီးမားတဲ့ Battery ကြောင့် အားအပြည့်သွင်းထားရင် တစ်ပတ်လောက် အသုံးခံပြီး ခရီးသွားရင် အဆင်ပြေပါတယ်။ နေ့တိုင်း အားမသွင်းချင်တဲ့ လူတွေအတွက်လည်း အိုကေပါတယ်။

Energizer P28K Smartphone

P28K မှာ IP69 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး မြင့်မားတဲ့ အပူချိန်ကိုလည်း ခံနိုင်ပါတယ်။ အကြမ်းခံအောင် တည်ဆောက်ထားပြီး အားအပြည့်သွင်းထားရင် ၁၂၂ နာရီကြာ ဖုန်းပြောနိုင်ပါတယ်။

33W Fast Charging ထောက်ပံ့ထားပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 6.78” 1080p မျက်နှာပြင်နဲ့ Android 14 OS ထည့်သွင်းထားပါတယ်။

Energizer P28K Teaser

တစ်ပတ်ကြာ ဘက်ထရီ သက်တမ်းနဲ့ အကြမ်းခံတဲ့ စမတ်ဖုန်းလိုချင်သူတွေအတွက် Energizer P28K က ရွေးချယ်စရာ ဖြစ်ပါတယ်။ ၂၇၀ ဒေါ်လာ သတ်မှတ်ထားပြီး အောက်တိုဘာလမှာ ရောင်းချမှာပါ။

လက်ရှိမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ အားသွင်းရင်တော့ တခြား ဖုန်းတွေထက် ပိုကြာနိုင်ပေမယ့် ဒီနေ့ခေတ် စမတ်ဖုန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းမှာ Fast Charging ထည့်သွင်းထားပါတယ်။ အဲဒီအတွက် စမတ်ဖုန်း ရွေးချယ်တဲ့ အခါ အားသွင်းနှုန်းကို သိပ်ကြည့်စရာ မလိုပါဘူး။

Ref: gizmochina