Honor Magic6 Pro မှာ AI အခြေပြု မျက်လုံးအာရုံခံတဲ့ စွမ်းရည် ပါလာပါတယ်။ ဥပမာအနေနဲ့ ဖုန်းကို ကြည့်လိုက်တာနဲ့ မြေပုံမှ တည်နေရာ ၁ ခုကို ရွေးချယ်တာနဲ့ Zoom ဆွဲတာတွေ ပြုလုပ်နိုင်ပါတယ်။ အခုတော့ မျက်လုံးနဲ့ ကားကိုပါ အဝေးကနေ ထိန်းချုပ်နိုင်ပါပြီ။

ဗြိတိန် အခြေစိုက် ကား အင်ဂျင်နီယာ ၁ ယောက်ဖြစ်တဲ့ James Brighton က အဲဒီ နည်းပညာကို ဖန်တီးထားတာ ဖြစ်ပါတယ်။ အိုင်ဒီယာက ရိုးရှင်းပါတယ်။ Honor Magic6 Pro ရဲ့ Screen ကို ကြည့်လိုက်တာနဲ့ ကားရဲ့ Hands-free Control တချို့ကို အသုံးပြုနိုင်ပါတယ်။ AI နဲ့ ဆေးတောင့်ပုံ Punch Hole မှ 3D ToF Sensor က ဒီလိုလုပ်နိုင်အောင် စွမ်းဆောင်ပေးတာပါ။

Honor Magic 6 Pro smartphone lets you remotely control your car with a glance | gagadget.com

ကား စက်နှိုးတာ၊ စက်သတ်တာ၊ ကားကို အရှေ့နဲ့ အနောက် မောင်းနှင်တာတွေကို ဖုန်း Screen မှ သက်ဆိုင်ရာ Menu ကို ၂ စက္ကန့်၊ ၃ စက္ကန့် ကြည့်လိုက်တာနဲ့ ပြုလုပ်နိုင်ပါတယ်။ Honor Magic6 Pro ရဲ့ မျက်လုံး အာရုံခံတဲ့ နည်းပညာကို လက်ရှိမှာ တရုတ်မှာပဲ အသုံးပြုလို့ရပါသေးတယ်။

ဒါဟာ AI က ဘာတွေလုပ်နိုင်သလဲ ဆိုတာ ပြသတဲ့ ဥပမာ တစ်ခု ဖြစ်ပါတယ်။ Honor ဟာ ဒီလ ၂၆ ရက်နေ့ ကျင်းပမယ့် MWC မှာ AI Panel Discussion ကို ကျင်းပမှာ ဖြစ်ပြီး Qualcomm နဲ့ GSMA မှ ဧည့်သည်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Ref : gsmarena