Samsung ဟာအခုအချိန်မှာ Android Tablet တွေကို Flagship Series ကနေ Mid Range ၊ Budget Series တွေအထိကို မျိုးစုံရောင်းချနေတာဖြစ်ပါတယ်။ အခုလည်း Galaxy Tab Active3 ဆိုပြီး Rugged Android Tablet အသစ်ကို မိတ်ဆက်တော့မယ်လို့ သိရပါတယ်။

Galaxy Tab Active3 ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Tab Active2 ရဲ့ မျိုးဆက်သစ်ဖြစ်လာမှာဖြစ်ပါတယ်။ Galaxy Tab Active Series Tablet တွေဟာ အကြမ်းခံနိုင်အောင် ပြုလုပ်ထားတာဖြစ်ပြီး Industry တွေမှာ အသုံးပြုဖို့အတွက် အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပုံမှန် Mainstream Tablet တွေလိုမျိုးတော့ Design ပိုင်းမှာ ပါးလွှာလှပမှာမဟုတ်ပါဘူး။

အခု Galaxy Tab Active3 ဟာ Model Number အနေနဲ့ SM-T575 ဖြစ်တယ်လို့ သိရပြီး Geekbench မှာ Exynos 9810 Chipset ကိုမှ RAM 4GB ပါဝင်မှာဖြစ်ပါတယ်။ 64GB သို့မဟုတ် 128GB Storage ပါဝင်မှာဖြစ်ပြီး Software ပိုင်းအနေနဲ့ကတော့ Android 10 ကိုပဲ အခြေခံထားတဲ့ OneUI ကို အသုံးပြုထားမှာပါ။

Performance ပိုင်းမှာတော့ Exynos 9810 Chipset ဟာ Galaxy S9 ဖုန်းတွေတုန်းက အသုံးပြုထားတဲ့ Chipset တစ်ခုဖြစ်ပြီး လက်ရှိ Mid Range Tablet တွေထက်တော့ စွမ်းဆောင်ရည်ပိုကောင်းမယ်လို့ ယူဆရပါတယ်။ Display အနေနဲ့ကတော့ 8″ Full HD Display ပါဝင်မှာဖြစ်ပြီး S Pen လည်းပါဝင်မှာပါ။ Battery ပိုင်းအနေနဲ့ကတော့ 5050mAh Battery ထည့်သွင်းထားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy Tab Active3 Tablet ဟာ MIL-STD 810 Standard ရရှိထားတဲ့အတွက် လုပ်ငန်းသုံး Tablet တစ်လုံးရှာနေတဲ့သူတွေအတွက် အဆင်ပြေမှာပါ။

Ref – Gizmo China