Xiaomi ဟာ Mi 10 Series တွေကို ထုတ်လို့ မပြီးသေးပါဘူး။  Mi 10T နဲ့ Mi 10T Pro တို့ကို နိုင်ငံတကာမှာ ရောင်းချဖို့ ပြင်ဆင်နေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ အဲဒီဖုန်းတွေရဲ့ သတင်းများစွာ ဓါတ်ပုံတွေနဲ့တကွ ပေါက်ကြားထွက်လာပါတယ်။ အခုတော့ Specs အပြည့်အစုံပါ ထွက်လာပါပြီ။

MuyComputer Blog ကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး Mi 10T နဲ့ Mi 10T Pro တို့မှာ Snapdragon 865  SoC မောင်းနှင်ထားမှာပါ။ Mi 10T မှာ 6GB RAM နဲ့ Mi 10T Pro မှာ 8GB RAM ပါလာမှာ ဖြစ်ပြီး Storage အပိုင်းမှာ 128GB/256GB တွေကို ၂ လုံးစလုံးမှာ ထည့်ပေးထားမှာပါ။ အရင်က သူတို့မှာ OLED မျက်နှာပြင် ပါမယ်လို့ သိခဲ့ရပေမယ့် အခုတော့ ၆.၆၇ လက်မ FHD+ 2340x1080p LCD မျက်နှာပြင် ထည့်ထားမယ်လို့ သတင်းထွက်လာပါတယ်။ 144Hz Refresh Rate ပါလာမယ့်အတွက် မျက်နှာပြင်တုန့်ပြန်မှုက Gaming ဖုန်းတွေကိုတောင် ယှဉ်နိုင်မှာပါ။

OLED မဟုတ်တဲ့အတွက် ဘေးဘက်လက်ဗွေရာ ကိရိယာပဲ ပါလာနိုင်ပါတယ်။ MuyComputer Blog မှာ 108MP Main , 20MP Ultrawide နဲ့ 12MP Telephoto ကင်မရာ ၃ လုံးကို Mi 10T Pro ရဲ့အနောက်ဘက်နဲ့ 20MP Punch Hole ကင်မရာကို အရှေ့ဘက်မှာ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ Mi 10T မှာတော့ 108MP အစား 64MP ထည့်ထားတာကလွဲလို့ ကျန်တဲ့ ကင်မရာအားလုံး တူညီမှာပါ။

ဖုန်း ၂ လုံးစလုံးမှာ Android 10 အခြေပြု MIUI 12 မောင်းနှင်ထားမှာ ဖြစ်ပြီး အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာမှာပါ။ Xiaomi က Mi 10T Series တွေ ကြေညာမယ့် နေ့ကို မပြောသေးပါဘူး။

Ref : gizmochina