iPhone 12 Series ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း အရောင်းဆိုင် ၁ ခုက iPhone 12 ရဲ့ အခြေခံမော်ဒယ်မှာ 64GB Storage ပါလာမှာ ဖြစ်ပြီး 128GB နဲ့ 256GB Storage တွေလည်း ရွေးချယ်နိုင်မယ်လို့ သတင်းပေးလိုက်ပါတယ်။ iPhone 12 အတွက် Black, White, Blue, Red, Yellow နဲ့ Coral ၆ ရောင်တောင် ထုတ်လုပ်ပေးထားမယ့်အတွက် စိတ်ကြိုက်အရောင် ရွေးချယ်နိုင်မှာပါ။

iPhone 12 Pro နဲ့ 12 Pro Max တို့အတွက် 128/256/512GB Storage တွေ ထုတ်လုပ်ထားနိုင်ပြီး Black, White နဲ့ Silver ၃ ရောင်ပဲ ရွေးချယ်နိုင်မှာပါ။ အဲဒီအတွက် iPhone 12 ဟာ အရောင်တွေ ပိုစုံလင်မှာပါ။ Apple ဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ iPhone 12 Series တွေကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

ပထမအသုတ် iPhone 12 Series တွေကို အောက်တိုဘာလ ၅ ရက်နေ့မှာ Distributors တွေဆီ ပို့ဆောင်ပေးမယ်လို့ ထင်ရပါတယ်။ စတိုးတွေကို အရင်ဆုံး ရောက်မယ့် iPhone တွေက ၅.၄ လက်မ iPhone mini နဲ့ ၆.၁ လက်မ iPhone 12 Max တို့ ဖြစ်နိုင်ပါတယ်။

Apple ဟာ မကြာခင်ကပဲ Watch Series 6 , Watch SE , iPad Air 4th Gen နဲ့ iPad 8th Gen တို့ကို ကြေညာခဲ့ပေမယ့် iPhone 12 Series မပါလာခဲ့ပါဘူး။ အဲဒီအတွက် ကုမ္ပဏီက iPhone 12 Series ကို ကြေညာဖို့ ပြင်ဆင်နေတယ်ဆိုတာ သေချာပါတယ်။ ကြေညာမယ့် ရက်ကို Apple က မပြောသေးပေမယ့်  ဒီလ ၁၃ ရက်နေ့ မိတ်ဆက်ပွဲပြုလုပ်မှာ ဖြစ်ပြီး ၁၆ ရက်နေ့ ကြိုတင်မှာယူခွင့်ပေးမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena