Apple ကနေ iPhone 12 Series စမတ်ဖုန်းတွေကို လက်ရှိသိထားတဲ့သတင်းတွေအရ လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ယခုနှစ်မှာ iPhone 12 ၊ iPhone 12 Max ၊ iPhone 12 Pro နဲ့ iPhone 12 Pro Max ဆိုပြီး ၄ မျိုး မိတ်ဆက်သွားမှာဖြစ်ပြီး အခုလည်း စျေးအသက်သာဆုံးဖြစ်လာမယ့် iPhone 12 ရဲ့ Display ပိုင်း အချက်အလက်တွေပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ iPhone 12 ဟာ Screen Size အနေနဲ့ 5.4″ ပဲရှိမှာဖြစ်ပြီး အစောပိုင်းသတင်းထွက်ရှိထားသလိုမျိုး OLED Display အစား LCD Display ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။ ယခုသတင်းကို နာမည်ကြီး Chinese Tipster တစ်ဦးဖြစ်တဲ့ DigitalChatStation ကနေ ဖော်ပြခဲ့တာဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေများပြားနေပါတယ်။

iPhone 12 ဟာ အရွယ်အစားအနေနဲ့ကတော့ ပြီးခဲ့တဲ့လပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ iPhone SE (2020) နဲ့ဆင်တူမှာဖြစ်ပြီး Full Screen Design ဖြစ်သွားတာနဲ့ Touch ID အစား Face ID ပါဝင်တဲ့ Notch ကို အသုံးပြုလာမှာပဲ ကွာခြားသွားမှာပါ။ Notch Design အနေနဲ့လည်း iPhone 12 Pro တွေလိုမျိုး ပိုသေးငယ်တဲ့ Notch ကို အသုံးပြုလာမှာမဟုတ်ဘဲ လက်ရှိ iPhone 11 Series တွေမှာ ပါဝင်တဲ့ Notch Design ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။

iPhone 12 ဟာ Battery အနေနဲ့ကတော့ 2227mAh Battery ပဲပါဝင်မှာဖြစ်ပြီး iPhone 11 မှာအသုံးပြုထားတဲ့ Dual Camera Setup ကိုပဲ ထည့်သွင်းလာဖို့များနေပါတယ်။ LTE နဲ့ 5G Version ၂ မျိုးရောင်းချသွားမှာဖြစ်တဲ့အတွက် LTE Version ဟာ အနိမ့်ဆုံး $549 ကနေ စတင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိ iPhone 11 ဖုန်းနဲ့ယှဥ်မယ်ဆိုရင် စျေးကတော်တော်လေးကို သက်သာသွားမှာပါ။

ဘာပဲဖြစ်ဖြစ် iPhone SE (2020) ကို iPhone 8 Design ဖြစ်နေတာကြောင့် သဘောမကျတဲ့သူတွေနဲ့ Compact ဖုန်းကို အသုံးပြုချင်တဲ့သူတွေအတွက်ကတေ့ာ iPhone 12 က ရွေးချယ်စရာဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena