realme က C31 ကို မိတ်ဆက်ပြီး ၃ လအကြာမှာ  နောက်ထပ် တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ realme C30 မှာ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ ကြီးမားတဲ့ ၆.၅ လက်မ မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။

Entry-level Realme C30 is official with a big 5,000 mAh battery

realme C30 မှာ Unisoc T612 Chipset မောင်းနှင်ထားပြီး 12nm Process နဲ့ တည်ဆောက်ထားတဲ့ Octa-core CPU ပါပါတယ်။ အရှေ့ဘက်မှာ HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးထဲ ပါလာပြီး LED Flash ၁ လုံးနဲ့ ပူးတွဲထားပါတယ်။ 2/3GB RAM နဲ့ 32GB Storage ထည့်သွင်းထားပြီး ဓါတ်ပုံ၊ သီချင်းနဲ့ တခြား မီဒီယာတွေ သိမ်းဆည်းဖို့ 1TB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ nano SIM Card ၂ ခု စိုက်နိုင်ပါတယ်။

Android 11 အခြေပြု realme Go Edition လို့ ခေါ်တဲ့ UI ထည့်သွင်းထားပြီး 2GB RAM ထဲနဲ့ အလုပ်လုပ်နိုင်အောင် ပေါ့ပါးသွက်လက်တဲ့ Applications တွေ ပါလာပါတယ်။ အထူက ၈.၅ မီလီမီတာပဲရှိပြီး အနောက်ဘက်မှာ မျဉ်းကြောင်း ဒီဇိုင်းတွေ ထည့်သွင်းထားပါတယ်။ အောက်ဘက်မှာ ခေတ်မမှီတော့တဲ့ microUSB Port တပ်ဆင်ထားပြီး 10W Charging ထောက်ပံ့ထားပါတယ်။ နားကြပ်ပေါက်နဲ့ မိုက်ကရိုဖုန်းကိုလည်း အောက်ဘက်မှာ ထည့်သွင်းထားပါတယ်။

realme C30 အတွက် Bamboo Green နဲ့ Lake Blue ၂ ရောင် ထုတ်လုပ်ထားပြီး 2/32GB Version ကို ဒေါ်လာ ၁၀၀ နဲ့ 3/32GB Version ကို ၁၀၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၈၀,၀၀၀ နဲ့ ၁၉၅,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာ ဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့မှာ စတင် ရောင်းချမှာပါ။

Ref : gsmarena