Epic Games က Samsung နဲ့ ပူးပေါင်းပြီး ပထမဆုံး အနေနဲ့ Fortnite Galaxy Cup e-tournament ကို ဒီလ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီ ပြိုင်ပွဲကို Android သုံးတဲ့ Fortnite ကစားသူအားလုံး ပါဝင်နိုင်မှာ ဖြစ်ပြီး ပါဝင်သူတွေကို Galaxy Scout Outfit နဲ့ Star Scout Wrap တို့လို In-game ဆုတွေ ပေးအပ်မှာ ဖြစ်ပါတယ်။
၂ ရက်အတွင်း Session ၂ ခုခွဲပြီး ပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပြီး Session ၁ ခုဟာ ၃ နာရီလောက် ကြာမြင့်မှာပါ။ ပြိုင်ပွဲမှာ ကစားသူတွေဟာ အများဆုံး အနေနဲ့ ပြိုင်ပွဲ ၁၀ ခုမှာ ပါဝင်နိုင်ပြီး ပွဲ ၁ ခုချင်းစီအတွက် ရလဒ်အပေါ် မူတည်ကာ Point တွေကို ဆုအနေနဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အမှတ်ပေး စနစ်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- Victory Royale: 10 points
- 2nd – 5th place: 7 points
- 6th – 15th place: 5 points
- 16th – 25th place: 3 points
- Each elimination: 1 point
- Each game played: 1 point
အနည်းဆုံး အနေနဲ့ ဂိမ်း ၅ ခုမှာ ပါဝင်သူတွေကို Star Scout Wrap နဲ့ အမှတ် အများဆုံး ရသူတွေကို Galaxy Scout Outfit ဆုချီးမြှင့်မှာပါ။
ဒေသအလိုက် အနိုင်ရသူတွေကို အောက်ပါ အတိုင်း ချီးမြှင့်မှာပါ။
- Europe: Top 10,000
- NA-East: Top 7,500
- NA-West: Top 2,500
- Latin America: Top 2,500
- Asia: Top 1,250
- Middle East: Top 1,250
- Oceania: Top 1,250
ပြိုင်ပွဲမှာ ပါဝင်ချင်သူတွေဟာ Playlist Mode ကို သွားပြီး Galaxy Cup Tournament ကို ရွေးချယ်ပေးရမှာပါ။ အဲဒီနောက်မှာ Lobby ကို ပြန်သွားပြီး Play ကို နှိပ်ရမှာပါ။ ကစားသူတွေဟာ သူတို့ရဲ့ Epic အကောင့်မှာ 2FA ကို Enable လုပ်ပေးရမှာပါ။
Ref : fonearena