Honor က Honor 20 နဲ့ 20 Pro စမတ်ဖုန်းတွေအတွက် Software Update ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး ပြင်သစ်၊ ဂျာမနီနဲ့ ချက် သမ္မတ နိုင်ငံတွေမှာ စတင် ရရှိနေပါပြီ။ မကြာခင်မှာ တခြား နိုင်ငံတွေအတွက်လည်း ဖြန့်ချိနိုင်ပါတယ်။

Android 10 အခြေပြု Magic UI 3.1 ဖြစ်ပြီး Android 10 အခြေပြု Huawei EMUI 10.1 နဲ့ တူညီတယ်လို့လည်း ပြောနိုင်ပါတယ်။ Honor 20 နဲ့ Honor 20 Pro အတွက် Magic UI 3.1 ကို ပထမဆုံး အနေနဲ့  မေလက စတင် ဖြန့်ချိပေးခဲ့ပေမယ့် တရုတ် ၁ နိုင်ငံထဲမှာပဲ ရခဲ့တာပါ။ အခုတော့ တခြား နိုင်ငံတွေမှာလည်း ရလာကြပြီ ဖြစ်တဲ့အတွက် ဝမ်းသာစရာပါ။

အဲဒီ Update ကို Support App ကနေ ရယူနိုင်ပြီး ဗားရှင်းနံပါတ်ဟာ 10.1.0.230 ဖြစ်ပါတယ်။ ဗားရှင်း နံပါတ်ဟာ EMUI နဲ့ အရမ်းကို ဆင်တူနေပါတယ်။ ထုံးစံအတိုင်းပဲ Update ကို တစ်ဆင့်ချင်း ဖြန့်ချိမှာ ဖြစ်တဲ့အတွက် သင့် ဖုန်းမှာ မရသေးရင် ရက်အနည်းငယ် စောင့်ဆိုင်းရမှာပါ။

Ref : gsmarena