Hyperloop ဟာ ခရီးသည်နဲ့ ကုန်ပစ္စည်းတွေကို လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ စနစ် ဖြစ်ပါတယ်။ အဲဒီ အိုင်ဒီယာကို Elon Musk က ၂၀၁၃ ခုနှစ်မှာ ပြောကြားခဲ့တာ ဖြစ်ပြီး Tube ထဲကနေ မောင်းနှင်တဲ့ နည်းပညာ ဖြစ်ပါတယ်။

Record set at EPFL hyperloop test facility

အခုတော့ ဥရောပမှာ Hyperloop ကို ၁ နာရီ ၃၀၃.၄ မိုင် အမြန်နှုန်းနဲ့ ၈၈ မိုင် ခရီးကို စံချိန်တင် အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့ပါတယ်။ အဲဒီ စမ်းသပ်မှုကို EPFL, HEIG-VD နဲ့ Swisspod Technologies မှ သုတေသန ပညာရှင်တွေက ပြုလုပ်ခဲ့တာ ဖြစ်ပြီး LIMITLESS စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

World record hyperloop trial paves way for high-speed future travel |  National | dailygazette.com

အဲဒီ ပညာရှင် အဖွဲ့ဟာ လေဖိအားနည်း ပတ်ဝန်းကျင် ဖန်တီးထားတဲ့ Tube ထဲမှာ Hyperloop ကို စမ်းသပ်မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ ၄၀ စင်တီမီတာ အချင်းရှိတဲ့ စက်ဝိုင်းပုံ Tube ကို အသုံးပြုကာ စမ်းသပ်မောင်းနှင်ခဲ့တာ ဖြစ်ပြီး မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေး စနစ်အတွက် Hyperloop နည်းပညာဟာ အသုံးဝင်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်။

Hyperloop နည်းပညာဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ပြီး လျှင်မြန်တဲ့အတွက် ကမ္ဘာ့ တိုက်ကြီးတွေကို ဆက်သွယ်ဖို့အတွက် ကြိုးစားနေကြပါတယ်။ ပညာရှင်တွေက နောက်ထပ် စမ်းသပ်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြပါတယ်။

Hyperloop Concept ကို Elon Musk နဲ့ SpaceX က အဆိုပြုခဲ့ကြတာ ဖြစ်ပြီး ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေကို ဒီနည်းပညာကို တိုးတက်အောင်ဖန်တီးဖို့ အားပေးခဲ့ကြပါတယ်။ မြူးနစ် နည်းပညာ တက္ကသိုလ်ရဲ့ Hyperloop ဟာ SpaceX က ပြုလုပ်တဲ့ ဒီဇိုင်းပြိုင်ပွဲမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လက ၁ နာရီ ၂၈၈ မိုင် အမြန်နှုန်းနဲ့ စံချိန်တင်ခဲ့ပါတယ်။

Ref : Tech Explorers