လျှပ်စစ်ကား ကုမ္ပဏီကြီး Tesla က ဒီနှစ်ထဲမှာ ကားထုတ်လုပ်တဲ့ စက်ရုံမှာ Optimus လူတူစက်ရုပ် ၂ ယောက်ကို အလုပ်ခိုင်းစေထားပြီး စက်ရုပ်တွေဟာ အလုပ်‌တွေကို ခိုင်းစေစရာ မလိုဘဲ အလိုအလျှောက် လုပ်နိုင်ကြတယ်လို့ ပြောပါတယ်။

Elon Musk bets Tesla on Optimus, says over 1,000 robots working in factories next year | Electrek

Tesla က အင်္ဂါနေ့မှာ ယခင်က တွစ်တာလို့ ခေါ်တဲ့ X လူမှုကွန်ရက်မှာ ဒီနှစ်အတွင်း Tesla ရဲ့ တခြားအောင်မြင်မှုတွေနဲ့အတူ Optimus လူတူစက်ရုပ်တွေကို ကားထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ခိုင်းထားတဲ့ အကြောင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း Optimus လူတူစက်ရုပ် ဒီဇိုင်းကို ၃ ကြိမ် ကြီးကြီးမားမား ပြောင်းလဲမှု ပြုလုပ်ခဲ့ပြီး စက်ရုပ် လက်တံတွေကို ၄ ကြိမ် ပြောင်းလဲမှု ပြုလုပ်ခဲ့ပါတယ်။

musk-optimus-robot-to-be-useful-in-tesla-factories-in-2024 - baha.com

Optimus စက်ရုပ်ဟာ Tesla ရဲ့ ရုံးခန်းနဲ့ ကားထုတ်လုပ်တဲ့ စက်ရုံမှာ အလိုအလျှောက် သွားလာနိုင်ပြီး အလုပ်တွေ လုပ်ပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Tesla ဟာ Optimus ကို မိတ်ဆက်ထားတာ ၃ နှစ်ကြာပြီ ဖြစ်ပြီး အခုတော့ စက်ရုပ်ဟာ တော်တော် စွမ်းရည်မြင့်မားလာပါပြီ။

ကုမ္ပဏီဟာ Optimus လူတူစက်ရုပ်ကို စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်ခိုင်းစေနိုင်အောင်  တီထွင်နေပြီး အနာဂတ်မှာ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါတယ်။ Tesla ရဲ့ သူဌေး Elon Musk က စက်ရုပ် လုပ်ငန်းဟာ ကားလုပ်ငန်းထက်တောင် အကျိုးဖြစ်ထွန်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref : benzinga