Instagram ဟာ Social Media Platform တွေထဲက ဓါတ်ပုံသီးသန့်မျှဝေတဲ့ထဲမှာ လူသုံးအများဆုံးလို့တောင်ပြောနိုင်ပါတယ်။ Instagram ရဲ့ Stories လိုမျိုး Feature တွေဆိုရင်အခုအချိန်မှာ တခြားသော Social Media App အတော်များများမှာပါ အသုံးပြုနေတဲ့အထိအောင်မြင်နေပြီဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Instagram ဟာ Mobile အတွက်ပဲ အဓိကရည်ရွယ်ထားတဲ့ App တစ်ခုဖြစ်ပြီးတေ့ာ Facebook လိုမျိုး Web Browser ကနေ အသုံးပြုဖို့ရည်ရွယ်ထားတဲ့ Social Media တစ်ခုမဟုတ်ဘူးလို့တောင်ပြောလို့ရပါတယ်။ အဲ့ဒီအတွက် Instagram ဟာ Web Version မှာ Photo Upload ပြုလုပ်တာ၊ Stories တင်တာနဲ့ Direct Messages Feature ကိုအသုံးပြုတာစတဲ့ Feature တွေကို ပိတ်ပင်ထားခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Instagram ကနေ Web Version မှာ Direct Messages Feature ကို လူတိုင်းအသုံးပြုနိုင်အောင် Update ပြုလုပ်ပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ဇန်နဝါရီလထဲက Instagram ကနေ တချို့သောအသုံးပြုသူတွေဆီမှာ ဒီ Web Version အတွက် Direct Messages Feature ကို စမ်းသပ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Instagram အသုံးပြုသူတွေအနေနဲ့ Direct Message တွေကို ဖတ်ရှုဖို့အတွက် စမတ်ဖုန်းကိုအသုံးပြုနေစရာမလိုတော့ဘဲ ကွန်ပျူတာကနေပဲ ဖတ်ပြီး Reply ပြန်နိုင်တော့မှာပါ။ ဖြစ်နိုင်တာက Instagram ကနေ အခုလိုမျိုး လူအများစုက အိမ်မှာပဲနေပြီးအလုပ်လုပ်နေကြတဲ့အတွက် ဒီ Feature ကို ထုတ်ပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်။

Ref – The Verge