တန်ဖိုးနည်း ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ Infinix က ပထမဆုံး ဂိမ်း အသားပေး ဖုန်း GT 10 Pro ကို မကြာခင် ရောင်းချခဲ့ပါတယ်။ အခုတော့ Infinix ဟာ Zero 30 5G ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။

အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး ကင်မရာ အသားပေး ဖုန်း ဖြစ်ကာ ဈေးနှုန်းချိုသာမှာပါ။ 50MP ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင် အထက် အလယ်မှာ တပ်ဆင်ထားပြီး 4K 60fps Video တွေ ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက် ပင်မ ကင်မရာမှာ OIS ပါလာမယ်လို့ ရေးသားထားပါတယ်။

Infinix Zero 30 5G မှာ 12GB RAM ပါလာမှာ ဖြစ်ပြီး 9GB RAM ထပ်ဖြည့်နိုင်တဲ့အတွက် စုစုပေါင်း 21GB RAM အသုံးပြုနိုင်မှာပါ။ RAM တင်မကဘဲ Storage ကလည်း များပြားပြီး 256GB အထိ ထည့်သွင်းထားမှာဖြစ်ပါတယ်။ အဲဒီအတွက် 4K Video များစွာ ဖုန်းမှာ သိမ်းဆည်းထားနိုင်မှာပါ။

အဲဒီဖုန်းမှာ IP53 ရေစိုခံစံနှုန်း ပါလာမှာ ဖြစ်ပြီး ဖရိမ်က ၂.၈ မီလီမီတာပဲ ရှိကာ ၆၀ ဒီဂရီ မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ Infinix Zero 30 5G ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ တရားဝင် မကြေညာသေးခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena